Chapter 123

5.1K 794 38
                                    

[Unicode]

ယန်ကြွယ်တပ်ဖွဲ့၏​လေ့ကျင့်​ရေးပြင်းအားက သူတို့တပ်ဖွဲ့ထက် နည်းနည်း​လေးပြင်း​ကြောင်းကို လက်​တွေ့က သက်​သေပြခဲ့​လေသည်။ သို့​သော် ဂုဏ်သတင်းအတွက် ဘယ်သူကမှ ပင်ပန်းတယ်လို့ မ​အော်ခဲ့ကြ​ချေ။ သို့သော် မနက်ခင်း​လေ့ကျင့်​ရေးပြီးဆုံးသွားပြီး​နောက်တွင် ယန်ကြွယ်ကို လုံးဝထပ်ပြီး​မပါ​​စေတော့ရန်အတွက် ​ကောင်းကယ်သည် ရန်ရိအား တိတ်တိတ်​လေး​ပြောလိုက်​​တော့သည်။

​နေ့လည်တွင် ရန်ရိသည် ယန်ကြွယ်အား သူတို့်နယ်​မြေကို ​လျှောက်လည်ကြည့်ရန်အတွက် ​ခေါ်သွားခဲ့သည်။ ညဘက် ထမင်းစားပြီး​နောက်တွင် ချွီးယန်​ပေါသည် ​ဖျော်​ဖြေ​ရေးအခန်း၌ စု​ဝေးလိုက်ပြီး ရုပ်ရှင်တစ်ကားကြည့်ခဲ့ကြ​လေသည်။

ရုပ်ရှင်ကြည့်ပြီးသွား​သော်၊ တပ်သားများအားလုံးသည် သွားအိပ်ကြ​တော့သည်။ ရန်ရိ လက်အ​ကြောဆန့်​နေတုန်း၊ ချွီးယန်​ပေါသည် သူ့​ဘေးနားသို့ ​လျှောက်သွားလိုက်ပြီး အသံတိုးတိုး​လေးနှင့် ​ပြောလိုက်သည် :

" စစ်​ဟွော်၊ အစီရင်ခံစာ​ရေးသင့်ပြီ။ "

ရန်ရိတစ်​ယောက် ​တောင့်တင်းသွားရ​တော့သည်။ ချွီးယန်​ပေါ​ပြောသည့်အရာက ​သေချာ​ပေါက်ကို ဝန်​ဟွေး shopping mall အ​ရေး​ပေါ်ထွက်သည့်အစီရင်ခံစာဖြစ်​လေသည်။ ဤသည်မှာ သမရိုးကျအစီရင်ခံစာဖြစ်ပြီး၊ သမရိုးကျမဟုတ်သည့်အစီရင်ခံစာတစ်မျိုးလည်း ရှိ​ပေသည်။ အရာရှိတစ်ဦးစ​တေးသွားသည့်အချိန်မျိုးဆိုလျှင် သူသည်
အ​သေးစိတ်​ဖော်ပြချက်နှင့် ကိုယ့်ကိုယ်ကိုယ်သုံးသပ်ချက်ကို ​အထက်အရာရှိတစ်ဦးအ​နေဖြင့် ရေးရန်လိုအ​ပ်ပေသည်။

သူ ​တောက်​လျှောက်အချိန်ဆွဲထားခဲ့ပြီး မ​ရေးရ​သေး​​ပေ။ သို့​သော် အမြဲတမ်း အချိန်ဆွဲသွား၍မရနိုင်​​​ချေ။

သူ့မျက်နှာအ​ရောင် သိပ်မ​ကောင်းသည်ကို ချွီးယန်​ပေါ ​တွေ့လိုက်ရ​သော်၊ သက်ပြင်ဖွဖွ​လေးချလိုက်ပြီး :

" ငါလည်း မင်းကို မ​လောချင်ပါဘူး။ ဒါ​ပေမဲ့...... "

" ဘာမှမဖြစ်ဘူး၊ ငါ သိပြီ။ ငါ ဒီညပဲ ​ရေးလိုက်မယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now