[Unicode]
အကြာကြီးတိတ်ဆိတ်နေပြီးမှ ရန်ရိထပ်ပြောလာသည် :
" မြေအောက်ခန်းရော ?မြေအောက်ခန်းမှာရော ငါတို့ကျန်နေတဲ့နေရာမရှိဘူးလား။ "
" မြေအောက်ရဲ့တစ်ခုတည်းသောထွက်ပေါက်က ကားဂိုဒေါင်တံခါးပဲ။ အမှုဖြစ်ပြီးတဲ့နောက်မှာ ကားဂိုဒေါင်တံခါးကပိတ်ထားတာ။ အကယ်၍ လူသတ်သမားက မြေအောက်ကနေထွက်သွားချင်တယ်ဆိုရင်၊ ကားဂိုဒေါင်တံခါးကို အထဲကနေဖွင့်ပြီးတော့ အပြင်ကနေပိတ်မယ်ဆိုရင်၊ remote control လိုတယ်။ "
ကုံးရင့်ရှန်သည် ဓါတ်ပုံတစ်ပုံကိုပြပြီး၊ နှစ်ယောက်ကို ပေးကြည့်လိုက်သည်။
" ဒါက ငါ့အဖေရဲ့သော့။ "
ဓါတ်ပုံပေါ်တွင် မည်းနေသည့်သော့တစ်တွဲပုံဖြစ်သည်။ သို့သော် ဘဲဥပုံစံ remote control သော့ပုံကိုတော့ မြင်နိုင်သေးပေသည်။
" လက်ရှိမှာတော့ ခေါင်းဆောင်ရန်ပြောထားတဲ့ခန့်မှန်းချက်က ဖြစ်နိုင်ချေအမြင့်ဆုံးရှိနေတယ်။ "
ချိုးယန် စဥ်းစားကာပြောလိုက်သည်။
" မဟုတ်ခဲ့ဘူးဆိုရင်...... "
" မဟုတ်ခဲ့ဘူးဆိုရင် ဘာလဲ ?"
ရန်ရိ၏အကြည့်မှာ ပုံစံငယ်နှင့်ဓါတ်ပုံကြားတွင် သွားလိုက်လာလိုက်ဖြစ်နေပြီး၊ ခေါင်းပင်မမော့ဘဲ မေးလိုက်ခြင်းဖြစ်သည်။
ချိုးယန်သည် ကုံးရင့်ရှန်နှင့်တစ်ချက်အကြည့်ချင်းဆုံလိုက်သည်။ ကုံးရင့်ရှန်က အသာလေးခေါင်းခါပြလိုက်သည်။ သူမက ပြောသည် :
" ဘာမှမဟုတ်ပါဘူး၊ လက်တွေ့မဆန်ဘူး။ "
" လက်တွေ့မဆန်တဲ့ခန့်မှန်းချက်က တကယ်ဖြစ်နိုင်ချေရှိနေနိုင်တယ်။ အတူဆွေးနွေးရအောင်လို့ ပြောကြည့်လိုက်ပါလား။ "
ရန်ရိက ပြောသည်။
" ကျွန်တော်ဆိုလည်း ကိုယ့်ရဲ့ခန့်မှန်းချက်ကို လက်တွေ့ဆန်တယ်လို့ ဘယ်လိုမှမထင်ဘူး။ အနည်းဆုံးတော့ လုံလောက်တဲ့သက်သေအထောက်အထားမရှိတဲ့အချိန်မှာ ဒီလိုမျိုးအကန့်အသတ်ရှိတဲ့အချက်အလက်တွေထဲက မှီငြမ်းလို့ရမဲ့သက်သေတွေကိုရှာတွေ့နိုင်ဖို့ကိုပဲမျှော်လင့်ရမှာပဲ။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...