Chapter 9

5.5K 879 79
                                    

[Unicode]

ရန်ရိသည် တွဲဖက်ခေါင်းခန်းထိုင်ခုံသို့ သွားမည်အပြု၊ ကုံးရင့်ရှန်သည် ရုတ်တရက် သူ့ဆီသို့ သော့ကို ပစ်ပေးလိုက်သည်။ သူလည်း အလိုအလျောက် လက်ကို ဆန့်မိသွားပြီး လှမ်းဖမ်းလိုက်သည်။

" အမ်?"

" မင်း မောင်းလိုက်။ "

" ဘာလို့လဲ။ "

" ငါ နေလို့မကောင်းဘူး။ "

ကုံးရင့်ရှန်သည် ကျိန်းသေကားမောင်းပေးရမည့်ပုံစံဖြင့် ပြောလာခဲ့သည်။

ရန်ရိလည်း မငြင်းသာဘဲ၊ ကားမောင်းခုံရှိရာဘက်သို့ ပတ်လာကာ၊ တံခါးဖွင့်ပြီး ကားပေါ်သို့ တက်လိုက်သည်။

ကုံးရင့်ရှန်သည် အလွန်သတိကြီးစွာဖြင့် ဘယ်ဘက်အနောက်ခန်းသို့ ဝင်ထိုင်လိုက်သည်။

ရန်ရိသည် ခေါင်းကို လှည့်လိုက်ပြီး သူ့အား စိန်းစိန်းဝါးဝါးကြည့်လေသည် :

" မင်း ငါ့ကို ကားဒရိုင်ဘာများ မှတ်နေတာလား?"

ကုံးရင့်ရှန်သည် မျက်တောင်တစ်ချက်ခတ်လိုက်သည်။ လက်ဆွဲအိတ်ကို ဖွင့်လိုက်ပြီး၊ ထိုထဲမှ အဖြူရောင်လက်အိတ်တစ်ခုကို ထပ်ထုတ်လိုက်သည် :

" တကယ်လို့ ငါ မင်းကို ကားဒရိုင်ဘာလို့ သတ်မှတ်ခဲ့ရင်၊ ငါ မင်းကို ဒီဟာ ဝတ်ထားခိုင်းမှာ။ "

ရန်ရိသည် အံကြိတ်လိုက်ပြီး၊ ထို့နောက် ကားစက်စနှိုးလေသည်။

" နောက်ပြီး မင်းရဲ့ ကျွမ်းကျင်မှုလယ်ဗယ်လောက်လေးနဲ့ ငါ့ရဲ့ ကားဒရိုင်ဘာအဖြစ် လုံးဝလုပ်လို့မရဘူး၊ ဒါပေမဲ့ မင်း ဝတ်ချင်သပဆိုလည်း......"

" မဝတ်ချင်ပါဘူး။ "

ရန်ရိသည် ကားထဲတွင် ဆေးဖက်ဝင်အပင်အနံ့များဖြင့် ဖျော့တော့တော့လေး ပြည့်နှက်နေသည်ကို သတိပြုမိသွားသည်။ အနံ့မဆိုးသည့်အပြင် ခြောက်သွေ့ပြီး သန့်ရှင်းသည့်အနေအထားမျိုးကို ပေးစွမ်းပေသည်။ ၎င်းကို ရှူတာကြာသွားသည့်အခါ နေလို့ကောင်းသွားသလို ခံစားရစေပြီး၊ လေတစ်ချက်ရှူသွင်းလိုက်ရုံနှင့် အဆုတ်အစိတ်အပိုင်းအားလုံးသည် သန့်ရှင်းသွားသကဲ့သို့ပင်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now