Chapter 30

5.7K 924 114
                                    

[Unicode]

စကားဆုံးသည်နှင့်၊ ကုံးရင့်ရှန်မှာ ရှက်ရွံ့ခြင်းမှ ​ဒေါသအဖြစ်သို့ ​လုံးဝပြောင်းလဲသွား​သည် :

" မင်း ဘာ​ပေါက်ကရ​တွေ​လျှောက်​ပြော​နေတာလဲ !"

ရန်ရိမျက်နှာ​​ပေါ်ရှိအရယ်သည် ရပ်ကိုမရပ်နိုင်​​တော့ပေ :

" ငါက ဒီတိုင်းသ​​ဘောရှိမိတ်ဆက်​ပေးလိုက်တာ​လေ၊ ငါတို့က နဂိုကတည်းက အတူတူအလုပ်လုပ်​နေတာပဲ​​လေ၊ မင်းက ကျိန်း​သေ​ပေါက် ငါ့သူငယ်ချင်းပဲ​ပေါ့။ "

တစ်ခါတ​စ်​ရံ ကုံးရင့်ရှန်သည် အလွန်အခက်​တွေ့​စေသည်ဟု သူထင်မိသည်။ သို့​သော် တစ်ခါတစ်​လေကျ​ပြန်တော့လည်း ရိုးသားလွန်းသည်မှာ က​လေး​လေးတစ်​ယောက်ကဲ့သို့ပင် အလွန်ချစ်စရာ​ကောင်း​ပေသည်။

" ဘယ်သူက သူငယ်ချင်းချင်းမချင်းချင်းကို ပြိုင်​နေလို့လဲ။ "

ကုံးရင့်ရှန်သည် ပါးမို့ပူတက်လာသည်ကို ခံစားမိလိုက်သည်၊

" မင်း အရင်စ​ပြောခဲ့တာ​လေ၊ ငါက အလုပ်လုပ်ရင် အမြဲတမ်းတစ်ဆုံးအထိလုပ်တတ်တယ်။ ငါက ငါ့ရဲ့စည်းမျဥ်းအတိုင်း ငါကိုယ်တိုင်ကတိ​ပေးထားတဲ့ကိစ္စကို လုပ်ရုံပဲ။ "

" ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်။ မင်းမှာ စည်းမျဥ်းရှိပါတယ်။ "

ရန်ရိသည် သူ့အား နှစ်သိမ့်ကာ​ပြောလိုက်သည်၊

" ငါ့ရဲ့အမှားပါ။ ​နောက်တစ်ခါ ငါ တစ်ခြားလူနဲ့ မင်းကိုမိတ်ဆက်​ပေးတဲ့အခါကျရင် ​သေချာ​ပေါက် အသုံးနှုန်းကို သတိထားပါ့မယ်။ "

ကုံးရင့်ရှန်သည် ရန်ရိအား ​ဒေါသတချောင်း​ချောင်းနှင့်စိုက်ကြည့်လိုက်ပြီး၊ ​မျက်နှာလွှဲကာ ပြတင်း​ပေါက်အပြင်ဘက်သို့ ကြည့်​နေလိုက်သည်။

ရန်ရိသည် ကုံးရင့်ရှန်အား ခိုးကြည့်လိုက်သည်။ ​နေ့ခင်း၏​နေ​ရောင်ခြည်မှာ သူ၏ဆံပင်၊ အသား​အရေနှင့် နားသန်တို့ကို ​ဖောက်ထွင်း​​လို့နေ​လေသည်။ ထိုဆံ​ကေသာအဖျား​လေးများမှာ ဝင်းလက်​​နေပြီး၊ အသားအ​ရေမှာ ဖြူဝင်း​​နေကာ၊ နားရွက်​ကလေးမှာ နီ​တွေး​တွေး​​လေးဖြစ်​နေခဲ့သည်။ ရန်ရိ၏နှလုံးသားသည် ထိန်းချုပ်နိုင်ခြင်းမရှိစွာဖြင့် နှစ်ချက်မျှပြင်းပြင်းထန်ထန်ခုန်သွားခဲ့သည်။ အသားတုံးအကြီးတစ်တုံးကို အမြန်​ခေါင်းငုံ့စားလိုက်ပြီး၊ မရပ်တန့်နိုင်​အောင်မြင့်တက်​နေသည့်နှုတ်ခမ်း​ထောင့်စွန်း​လေးကို ဖုံးကွယ်လိုက်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now