[Unicode]
ရန်ရိ နိုးလာသည့်အချိန်တွင် တစ်ရေးအိပ်လိုက်ရသည်ဟု မခံစားရဘဲ၊ သေရာကပြန်ရှင်လာသည်ဟုသာ ခံစားမိလေသည်။ ခန္ဓာကိုယ်ပေါ်တွင် မနာသည့်နေရာ မရှိသလောက်နီးပါးပင်......
ဤတစ်ညတွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြန်တွေးမိသောအခါ၊ ရန်ရိသည် ခေါင်းအုံးကိုဆွဲယူလိုက်ပြီး မျက်နှာကို အုပ်ပစ်လိုက်ကာ၊ အားပါးတရအာခေါင်ခြစ်အော်ပစ်လိုက်တော့သည်။ နှလုံးသားတစ်ခုလုံးကလည်း အပြင်းအထန်ကို မရပ်မနားခုန်နေလေသည်။ ယခုအချိန်အထိ ဤအရာက တကယ်လားဆိုတာကိုတောင်မှ သူ မယုံရဲသေးချေ။ သို့သော် သေချာပေါက် အိပ်မက်မက်နေခြင်းမဖြစ်နိုင်ပေ၊ အိပ်မက်မက်နေခြင်းဆိုပါက သည်လောက်ခံရခက်နေလိမ့်မည်မဟုတ်ပေ။
ဘယ်လိုလုပ်မလဲ၊ နောက်ပိုင်းကျ ဘယ်လိုဖြစ်မှာလဲ ?အခု ကုံးရင့်ရှန်က သူ့ကို ဘယ်လိုမြင်မှာလဲ ?
တစ်ဖက်ရှိလစ်ဟာနေသည့်နေရာကို သူ တစ်ချက်ကြည့်ကြည့်လိုက်သည်။ ကုံးရင့်ရှန်သွားပြီလား မသိချေ။ သူ့စိတ်ထဲတွင် စိတ်လည်းပျက်သွားမိသလို၊ ဝမ်းလည်းသာမိသည်။ အကယ်၍ တကယ်သွားပြီဆိုရင်တော့၊ ဆန့်ကျင်ဘက်အနေနဲ့ အရှက်သက်သာသွားရတာပေါ့။
ကုတင်ပေါ်တွင် ခဏလောက်လဲနေလိုက်ပြီး၊ ရန်ရိသည် ကိုယ့်ကိုယ်ဘာသာကိုယ်အဖျားတိုင်းကြည့်ကြည့်လိုက်သည်။ 38° အဖျားငွေ့ငွေ့လေးရှိနေသေးကြောင်းကို တွေ့လိုက်ရသည်။ သို့သော် မနေ့ကလောက်တော့ မမူးတော့ချေ။ နာကျင်မှုကို သူသည်းခံရင်း၊ ကုတင်ပေါ်မှ ကုန်းရုန်းထလိုက်သည်။ တောင်တွေးမြောက်တွေး,တွေးနေလည်း ဘာမှအသုံးမဝင်ပေ။ သူလုပ်ဆောင်ရမည့်ကိစ္စတွေ အများကြီးရှိသေးသဖြင့်၊ သူ အတတ်နိုင်ဆုံးမြန်မြန်ပြန်ကောင်းအောင်လုပ်ရပေမည်။
ခြေဖျားက ကြမ်းပြင်ကိုထိလိုက်သည်နှင့်၊ ခြေနှစ်ချောင်းမှာ ပျော့ခွေသွားရတော့သည်။ ကုတင်ကိုသာ မထောက်ထားပါက ကြမ်းပြင်တွင် ဒူးထောက်လျက်သားဖြစ်ဖို့နည်းနည်းသာလိုတော့သည်။ သူ့စိတ်ထဲတွင် ကုံးရင့်ရှန်ကို အသံတိတ်တစ်ချက်ဆဲလိုက်သည်။ အစကတော့ သူသည် ဦးဆောင်ဖို့အခွင့်အရေးကိုဆုပ်ကိုင်ဖို့အတွက် အခွင့်အရေးရှိဦးမည်ဟု ထင်ခဲ့မိသည်။ နောက်ဆုံးတော့......၄င်းသည် အပြင်ပန်းသဏ္ဌာန်နှင့်ဆုံးဖြတ်သည့် ဆိုးဝါးသည့်အဆုံးသတ်ဖြစ်သွားရလေသည်။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...