Chapter 65

4K 685 65
                                    

[Unicode]

စွန်းတင့်ယိသည် အသက်ကယ်ကြိုးကိုထုတ်လိုက်ပြီး :

" ​ခေါင်း​ဆောင်ရန်၊ ကြိုးချည်ထားလိုက်ပါလား။ "

" ​ကောင်းပြီ။ "

ရန်ရိသည် နှစ်​ယောက်ကို ကြိုးဖြင့်ချည်လိုက်သည်။ ကြိုး၏တခြားတစ်ဖက်သည် စွန်းတင့်ယိ၏လက်ထဲတွင်ဖြစ်သည်။

" မင်းတို့မှာရှိတဲ့ မီးသတ်​ဆေးဘူး​တွေအကုန်လုံး ငါတို့ကို​ပေးလိုက်။ "

သူတို့သည် သယ်ရလွယ်သည့်မီးသတ်​ဆေးဘူးများကိုသာ ယူလာခဲ့ကြသည်။ သို့သော်၊ အ​ရေးကြုံလာလျှင် ဘာမှမရှိတာထက်စာလျှင်​တော့​တော်​သေး​ပေသည်။

ရန်ရိသည် အပျက်အစီးများ၏အနက်ပိုင်းသို့ ​​မျှော်ကြည့်ကြည့်လိုက်​သောအခါ စိတ်ထဲတွင် အနည်းငယ်​ကြောက်​ရွံ့​နေခဲ့သည်။ ဤ​နေရာတွင် ဒုတိယအကြိမ်ပြိုကျနိုင်သည့်အန္တရာယ်မှာ အချိန်မ​ရွေး ရှိ​ပေသည်။ သူတို့ ​အရှေ့သို့တစ်လှမ်းတိုးလိုက်တိုင်း ​သေမင်းနှင့်နီးကပ်လာလာတာမျိုးဖြစ်​နေနိုင်​ပေသည်။

အန္တရာယ်ရှိမှန်းသိလျက်နှင့် ​နောက်သို့တွန့်ဆုတ်​နေခြင်းမရှိသည်က မီးသတ်သမားသာဖြစ်သည်။

ရန်ရိနှင့်ကုံးရင့်ရှန်တို့သည် တစ်​ယောက်ကိုတစ်​ယောက်ကြည့်လိုက်ကြပြီး :

" သွားရ​အောင်။ "

ကုံးရင့်ရှန်သည် သူ့အား တည်ငြိမ်ပြီး​ကြောက်ရွံ့မှုကင်းသည့်အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

ရန်ရိသည် ​ခေါင်းကိုလှည့်ပြီး အ​ရှေ့ဘက်သို့​ကျော်ခွသွား​​တော့သည်။ ဤ​နေရာမှ​နေ၍ ​ပေါက်ကွဲသည့်​နေရာအထိ အကွာအ​ဝေးမှာ ဘယ်နှဆယ်မီတာမျှမရှိ​ပေ။ ပုံမှန်ဆိုလျှင် ​ခြေလှမ်းသုံး​-လေးလှမ်း​လောက်ဖြင့် ​ရောက်ပြီဖြစ်သည်။ ယခုအချိန်တွင်မူ ခက်ခက်ခဲခဲနှင့်​ကျော်ခွသွား​နေခဲ့ရသည်။ ကလိုင်များနှင့်မညီမညာဖြစ်​နေသည့် အပျက်အစီးကြားထဲတွင် သူတို့သည် ​ခြေ​​ထောက်​သေချာချဖို့​နေရာကို မနားတမ်းရှာဖွေ​နေခဲ့ကြပြီး၊ ​ဦး​ခေါင်အထက်ရှိ အ​​ထောက်အကန်​ပေးထားသည့်ပစ္စည်းများ ခိုင်မခိုင်ကိုလည်း အချိန်မ​ရွေးသတိထား​နေရ​သေးသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now