[Unicode]
ဖုန်းတစ်ဖက်ကတုံ့ပြန်မှုမှာ တုံ့ပြန်မှုကင်းမဲ့နေခဲ့သည်။
ရန်ရိလည်း စကားမပြောဘဲနှင့် ကုံးရင့်ရှန်ကိုသာ စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းနေလေသည်။
အတော်ကြာတော့မှ ကုံးရင့်ရှန်သည် ထိတ်လန့်သွားသလိုမျိုးအသံနှင့်မေးလိုက်သည် :
“ ဆက်ပြော။ ”
“ မင်းမှတ်မိလား၊ ဟိုတစ်ခေါက်တုန်း မင်း ငါ့ကို ဓါတုတိုင်ကီတွေကိုကူဖြေရှင်းပေးတဲ့အချိန်တုန်းက ဝတ်ခဲ့တဲ့အကာကွယ်ဝတ်စုံကို။ ”
“ မှတ်မိတယ်။ ”
“ ငါတို့ဝတ်တဲ့ အဲ့ဒီ gas mask က၊ မျက်မှန်နေရာက နှင်းလျှောစီးမျက်မှန်တို့၊ ရေကူးမျက်မှန်တို့လိုမျိုးနဲ့တူတယ်။ အသက်ရှူတဲ့အပေါက်က ထူပြီးတိုတယ်၊ စလင်ဒါပုံစံရှိတယ်။ ပါးနှစ်ဖက်မှာလည်း အရမ်းကြီးတဲ့ filter box တစ်ခုစီတပ်ထားသေးတယ်။ ”
ကုံးရင့်ရှန်သည် တစ်ခုခုကိုရေးရေးလေးသဘောပေါက်သွားလေသည်။
“ အဲ့တာက ပုံစံသစ် gas mask. အရမ်းအသစ်ကြီးရယ်တော့လည်း မဟုတ်ဘူး။ ငါ ရဲတက္ကသိုလ်တက်တဲ့အချိန်တုန်းကတည်းက အဲ့လိုမျိုးကရှိနေနှင့်ပြီ။ ဒါပေမဲ့ ပုံစံဟောင်း gas mask ကတော့ အဲ့လိုမျိုးမဟုတ်ဘူး။ ”
ရန်ရိ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး၊ ဆက်ပြောလိုက်သည်၊
“ ပုံစံဟောင်း gas mask——ငါ့အဖေတို့ခေတ်တုန်းကဟာ။ အရင်ဆုံး မျက်မှန်နေရာက ခြားထားတဲ့မှန်အဝိုင်းကြီးနှစ်ခု၊ ပါးနှစ်ဖက်မှာ ချိတ်ထားတဲ့ filter box မရှိဘူး။ Filter တောင့်နဲ့ အသက်ရှူတဲ့အပေါက်က တစ်ခုတည်းဖြစ်သွားပြီးတော့ filter တစ်ခုအဖြစ်ဖြစ်သွားတာ။ Filter က အခုရဲ့အသက်ရှူပေါက်လောက် မထူပေမဲ့၊ ပိုတော့ရှည်တယ်။ ”
[ TN : ပုံမထည့်တော့ဘူးနော်၊ မမှတ်မိဘူးဆိုရင် အရှေ့ Chapter ရဲ့အောက်ဆုံးမှာ ပြန်ကြည့်လိုက်ကြပါ။ ]
“ မင်း ပြောချင်တာက……ငါတွေ့ခဲ့တဲ့ ငှက်မျက်နှာဖုံးက တကယ်တော့ ပုံစံဟောင်း gas mask ဆိုတာလား။ ”
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...