Chapter 118

5.1K 890 44
                                    

[Unicode]

" ရန်ရိ၊ ရန်ရိ !"

ယန်ကြွယ်နှင့်တခြားရဲ​ဘော်တို့သည် ရန်ရိအား စင်မြင့်​​ပေါ်သို့ သယ်သွားခဲ့ကြသည်။ သူသည် မိမိ၏​အသက်ရှူကိရိယာကို ရန်ရိ၏နှာ​ခေါင်း​ပေါ်တွင် အုပ်​ပေးလိုက်သည်။

ရန်ရိ၏မျက်ခွံမှာ ​​တောက်​လျှောက်အောက်သို့ကျ​နေခဲ့သည်။ သူသည် အသက်ရှူကိရိယာကို အားနှင့်တွန်း​နေပြီး၊ လည်​ချောင်းထဲကလည်း ​အက်ကွဲခြောက်ကပ်​နေသည့်ညည်းသံထွက်​နေ​လေသည်။ သူသည် ​နောက်ဆုံး​သောအသိစိတ်က​လေးတချို့ကို အတင်းတွယ်ကပ်​နေကာ၊ ယန်ကြွယ်၏အင်္ကျီလက်အနားကို အားမရှိစွာဖြင့်ဆုပ်ကိုင်ထား​လေသည် :

" စွန်းတင့်ယိ......စွန်း......တင့်ယိ...... "

ယန်ကြွယ်မှာ သူ့၏ဖရိုဖရဲဖြစ်​နေသည့်မျက်နှာကိုကြည့်ရင်း ရင်နာလာရ​တော့သည် :

" မင်း စကားမ​ပြောနဲ့​တော့။ "

" စွန်း......တင့်ယိ...... "

ရန်ရိ၏မျက်ရည်စများသည် ပါးတလျှောက်စီးကျလာ​​ခဲ့သည်။

ယန်ကြွယ်သည် ရန်ရိ၏ဆံပင်ကို သပ်​ပေးလိုက်သည်။ သူသည် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်နှင့်လုပ်​နေခဲ့​သော်ငြားလည်း စကားမှာ​ပြောမထွက်ခဲ့​ချေ။ မျက်ခမ်းစပ်များမှာ နီရဲ​နေပြီး၊ ရင်ထဲတွင်လည်း အလွန်ဝမ်းနည်း​နေမိ​တော့သည်။

တပ်သားနှစ်​ယောက်သည် ထိုဒဏ်ရာရ​နေသည့်ဖခင်ကိုလည်း စင်မြင့်​ပေါ်သို့ သယ်လာခဲ့သည်။ စင်မြင့်သည် ဆက်ထားသည့်စင်္ကြံကို၊ မီး​လောင်ပြင်ကို အမြန်ဆုံး​သောအလျင်နှင့် ခွာလာခဲ့ပြီး၊ ​​မြေပြင်ဆီသို့နိမ့်ဆင်းသွား​လေသည်။

မှုန်မှိုင်းပြီး​အေးစိမ့်သည့်​လေသည် ရန်ရိ၏ကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့ပြီး၊ အခင်း​နေရာက ထွက်​ပေါ်လာသည့် ဝမ်းနည်း​ပူဆွေးသည့်ငို​ကြွေးသံများ၊ မီးကျီခဲနံ့များပြည့်နှက်​နေသည့်ထိုလေ​အေးနှင့် ဖုန့်မှုန့်များဖုံးလွှမ်း​နေသည့်​ကောင်းကင်ယံတို့​သည် စိတ်ကိုတင်းကြပ်​စေသည်မှာ လူကို အသက်ပင်ရှူမရ​အောင်ဖြစ်​စေခဲ့သည်။

Fight The Fire 《火焰戎装》Myanmar Translationحيث تعيش القصص. اكتشف الآن