[Unicode]
ချိုးယန်သည် ဆေးလိပ်ကိုသောက်ပြီး၊ တိတ်ဆိတ်သွားတော့သည်။
သူမ၏တိတ်ဆိတ်မှုသည် ရန်ရိအား အလွန်စိတ်လှုပ်ရှားစေပေသည်။ ကုံးရင့်ရှန်က ချိုးယန်အပေါ်ပြုမူသည့်အပြုအမူမှာ ပုံမှန်မဟုတ်ကြောင်းကိုသာ သူသတိထားမိပြီး၊ ချိုးယန်က ကုံးရင့်ရှန်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာကိုတော့ သူမသိချေ။ ဤမေးခွန်းကလည်း သူ အမြဲရှောင်လွှဲချင်နေသည့်အရာပင်။ တကယ်လို့များ သူမလည်း……
ချိုးယန်သည် ရန်ရိကို ကြည့်လိုက်ပြီး၊ သက်ပြင်းဖွဖွချကာ ပြောလာသည် :
“ ကျွန်မမှာ စိတ်ညွတ်မှုကိုခွဲခြားတာမျိုးမရှိသလို၊ ရှင့်ကို တိုက်ခိုက်ချင်လို့လည်းမဟုတ်ဘူး။ ဒါပေမဲ့၊ ကျွန်မ ရှင့်ကို အကြံပေးချင်တယ်၊ ဒီစိတ်ကူးကို လက်လျှော့လိုက်ပါတော့။ ”
ရန်ရိတစ်ယောက် ချိုးယန်အား ကြောင်တောင်တောင်နှင့်ကြည့်နေခဲ့သည်။
“ ခေါင်းဆောင်ရန်၊ ရှင်က လေးစားဖို့ထိုက်တန်တဲ့လူကောင်းတစ်ယောက်ပါ။ ကျွန်မနဲ့ရင့်ရှန်ရယ်ကလည်း ရှင့်ကို သူငယ်ချင်းအဖြစ်သဘောထားတယ်။ အထူးသဖြင့် ရင့်ရှန်၊ သူက ရှင့်ကို အရမ်းယုံစားတယ်။ တကယ်လို့ ရှင်က သူ့အပေါ် ဒီလိုမျိုးတွေးတယ်ဆိုတာကို သူ့ကို သိသွားစေခဲ့မယ်ဆိုရင်၊ သူ…… ”
ချိုးယန်တစ်ယောက် ပြောထွက်ဖို့ခက်နေသည့်ပုံပင်။
ရန်ရိသည် ခေါင်းတငြိမ့်ငြိမ့်နှင့် ဘာမှတ်ချက်မှမပေးပေ။ လုံးဝကြီးရင်းနှီးနေတာမျိုးမဟုတ်သည့်လူအရှေ့တွင် သူသည် “ အချစ်၏သန္နိဌာန်” တို့ဘာတို့ကို ကျမ်းကျိန်ဆိုပြနေဖို့ စိတ်ကူးမရှိချေ။ သိပ်ကို ရူးမိုက်လွန်းပေသည်။ ချိုးယန်က ဘာရည်ရွယ်ချက်နဲ့လဲ၊ ဘယ်လိုတွေးနေသလဲဆိုတာကို သူ ဂရုစိုက်ပေ။ သူသဘောကျတာက သူ့၏ကိစ္စပင်။ ချိုးယန်မပြောလျှင်တောင်မှ၊ သူကလည်း သူနှင့်ကုံးရင့်ရှန်တို့၏လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ရန်အတွက် စိတ်မကူးထားချေ။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...