[Unicode]
“ ဖင်ရှန်းနို့ထွက်ပစ္စည်းစက်ရုံ ၂ က ဧကနှစ်ရာရှိပြီး အဓိကလုပ်တာက နွားနို့၊ သောက်စရာ၊ ရေခဲမုန့်စတာတွေ။ အလုပ်သမားက နှစ်ထောင်နီးပါးရှိတယ်။ ဒီတစ်ခေါက်မီးလောင်တာက သူတို့ရဲ့အအေးဂိုဒေါင်။ ”
ရန်ရိသည် ကျိုအန်းတပ်ဖွဲ့ခေါင်းဆောင်လျန်ဝေးက သူ့ကို ပို့ပေးထားသည့်အချက်အလက်များကိုကြည့်ရင်း အခြေအနေကို အတိုချုံးတစ်ချက်မိတ်ဆက်ပေးလိုက်သည်။
“ ဖေးလန် သူတို့က ဖင်ရှန်းရုံ ၂ ရဲ့ဘယ်နေရာကို သွားလေ့လာတာလဲ ?”
ဖင်ရှန်း group ဆိုသည်မှာ ပြည်တွင်းရှိ ထိပ်တန်းနို့ထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများထဲမှတစ် ခုဖြစ်လေသည်။ သည်တစ်ခေါက် အလယ်တန်းကျောင်းအဖွဲ့ကသွားလေ့လာသည်က သူတို့အသစ်ဆောက်လုပ်ထားသည့်စက်ရုံဖြစ်ကာ၊ 1.2 ဘီလီယံကုန်ကျပြီး၊ တစ်ကမ္ဘာလုံးရှိ အကောင်းဆုံးနည်းပညာနှင့်စက်ပစ္စည်းများရှိသည်ဟု သိရသည်။ ဤကဲ့သို့သောစက်ရုံကြီးများမှာ အလေးပေးကာကွယ်ရမည့်အဆောက်အအုံအဖြစ် နဂိုကတည်းက မီးသတ်ဌာနက တန်းစီထားပြီးသားဖြစ်သည်။
“ ထုတ်လုပ်ရေးပိုင်းထင်တယ်၊ အအေးဂိုဒေါင်ပါမပါတော့ မသိဘူး။ ”
ကုံးရင့်ရှန်၏မျက်နှာအရောင်မှာ အနည်းဖြူဖပ်နေပြီး၊ အကြည့်ကလည်း ပျံပြီးသာသွားလိုက်ချင်စိတ်ပေါက်အောင်ကို အရှေ့သို့ တစိုက်မတ်မတ်ကြည့်နေလေသည်။
Steering wheel ကို အသေဆုပ်ကိုင်ထားသည့် ကုံးရင့်ရှန်၏ထိုလက်ပေါ်သို့ ရန်ရိသည် လက်ကို ဖွဖွလေးအုပ်မိုးလိုက်ပြီး :
“ ရင့်ရှန်၊ မင်း ကျိန်းသေပေါက်စိတ်အေးအေးထားမှဖြစ်မယ်။ စက်ရုံက မြို့ပြနဲ့ဝေးတယ်၊ သတ္တုနဲ့လျှပ်စစ်ပစ္စည်းတွေကလည်း အများကြီးရှိနေတာမလို့ ဖုန်းဆက်လို့မဝင်ဘူးဆိုတာက signal မကောင်းလို့ ဖြစ်နိုင်တယ်။ ခုနတုန်းက အဲ့ဒီနယ်မြေတပ်ဖွဲ့ခေါင်းဆောင်က ငါ့ကိုပြောတယ်၊ အခုက မီးခိုးပဲတက်သေးပြီး မီးကို မတွေ့ရသေးဘူးတဲ့။ ဆိုတော့ မီးပြင်းအားက ထိန်းချုပ်လို့ရသေးတဲ့အခြေအနေဆိုတာကို သက်သေပြနေတာပဲ။ ”
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...