Chapter 33

5.1K 834 26
                                    

[Unicode]

တပ်ဖွဲ့သို့ ပြန်​ရောက်ပြီး​နောက်၊ ရန်ရိသည် ​​လေး-ငါးရက်​လောက် ​ကောင်း​ကောင်းအနားယူ​လေသည်။ ဤရက်အ​တောတွင်းတွင် ရှုပ်​ထွေးသည့်အ​ရေး​ပေါ်ကိစ္စဘာတစ်ခုမှ မရှိချေ။ တိုက်ဆိုင်လို့ရှိခဲ့လျှင်လည်း ​ကောင်းကယ် သို့မဟုတ် အားယား​နေလွန်း၍ တစ်ကိုယ်လုံး​နေမထိထိုင်မသာဖြစ်​နေသည့်စွန်းတင့်ယိအား တပ်ဖွဲ့ကို ဦး​ဆောင်ခိုင်းလိုက်မည်ဖြစ်သည်။

ဝမ့်ယွမ်ရပ်ကွက်၏အမှုသည် အနည်းငယ်တိုးတက်မှုရှိလာသည်။ အစပိုင်းအ​ခြေခံဖြစ်သည့် အိမ်နီးချင်း​များအားမေးမြန်းခြင်း၊ စုံစမ်းစစ်​ဆေးခြင်း၊ CCTVများအား စစ်​ဆေးခြင်းစသည့်တို့အရ၊ 22ထပ်ရှိအိမ်​ထောင်စုအကုန်လုံးနီးပါးသည် အခင်း​နေရာ၌မရှိ​ကြောင်းအလီဘိုင်ရှိခြင်း သို့မဟုတ် အမှုကျူးလွန်ရန်လုပ်​ဆောင်နိုင်ရည်မရှိခြင်းတို့​ကြောင့် အမှုကျူးလွန်ဖို့ရန်မှာ သိပ်မဖြစ်နိုင်​ပေ။ သူတို့သည် စုံစမ်းစစ်​ဆေးသည့်သတ်မှတ်ချက်ကို ချဲ့ထွင်ဖို့ရန်သာတတ်နိုင်တော့သည်။ 2209နှင့်ပွဲဖြစ်ဖူးသည့် တစ်ခြားအိမ်ရာမှလူတစ်စုကို ရှာ​ဖွေခဲ့ရသည့်အပြင်၊ ​သေဆုံးသူမှာ အလုပ်ခွင်တွင်လည်း ရန်ငြိုးဖွဲ့ထားခဲ့ခြင်းရှိမရှိကိုပါ စုံစမ်းလိုက်ရ​သေးသည်။

တစ်ချိန်တည်းမှာပင်၊ မီးမ​လောင်ခင်က​ပေါ်ထွက်လာခဲ့သည့် လူစိမ်းတစ်​ယောက်သည် သူတို့၏သံသယကို ဆွဲ​​ဆောင်သွားခဲ့သည်။ အ​ကြောင်းမှာမူ ထို​ယောကျာ်းသည် ​ခေါင်းစွပ်နှင့်နေကာမျက်မှန်ကို ဝတ်ဆင်ထားပြီး၊ ဖြစ်စဥ်တစ်​လျှောက်လုံး ​ခေါင်းကိုငုံ့ထားသဖြင့်၊ CCTV၏​နေရာကိုသိ​မှန်း သိသာ​ပေသည်။ သို့​သော် အိမ်ရာထဲတွင် သူ့အားမှတ်မိသည့်လူ မရှိခဲ့​ချေ။

ထို့​နောက် 2209တံခါးအ​ရှေ့တွင် ရှို့ထားသည့်ထိုအမှိုက်များ၏တချို့တစ်ပိုင်းမှာ တကယ်ကို 2209နှင့်မသက်ဆိုင်​ပေ။ ဤအမှိုက်​​တွေ၏ပိုင်ရှင်ကို သူတို့ရှာ​တွေ့ခဲ့ကြသည်။ ၄င်းမှာ အနီးနားရှိတိုက်ခန်း​လေး-ငါးခန်းမှဖြစ်သည်။ ဤတိုက်ခန်း​လေး-ငါးခန်းစလုံး အမှိုက်စွန့်ပစ်သည့်​နေရာသည် တစ်​နေရာတည်းသာဖြစ်ပေသည်--တိုက်အ​နောက်ဘက်ရှိ ​ရွေ့လျားအမှိုက်ပုံးပင်။ သံသယလူမှာ အမှိုက်​ထုပ်အနည်းငယ်ကို ဖြစ်သလိုယူလိုက်​ခြင်းဖြစ်​ကြောင်း သိသာ​ပေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now