Chapter 57

3.8K 679 20
                                    

[Unicode]

" ကျွန်​​တော်တို့ ဒီ​နေ့တစ်​နေထဲမှာတင် အရမ်းအကျိုးရှိသွားတယ်။ ကျိုးချွမ်းနဲ့ချန်​ဖေ့ကို စစ်လိုက်ရတယ်၊ ပြီး​တော့ ချန်​ဖေ့ရဲ့ညီနှစ်​ယောက်ကို​ရောပဲ။ ချန်​ဖေ့ရဲ့​ကောင်မ​လေးကိုလည်း ဖမ်းလိုက်တယ်၊ တရားမဝင်​ငွေ​တွေရှာတွေ့ထားလို့။ "

ချိုက်ခြံသည် ​ခြေ​ထောက်ကို​မြှောက်ကာ​ ခြေချိတ်လိုက်ပြီး၊

" ခဏ​နေဆို ဖန်​ဖေး​ရောက်ပြီ၊ ​အောင်မြင်မှုကလက်တစ်ကမ်းပဲလို​တော့တယ်။ "

ကုံးရင့်ရှန်က ​ပြောသည် :

" ကျိုးချွမ်းက 4th viewpoint မှာ ငါတို့ဖမ်းတာကို ခံရပြီး​နောက်ပိုင်းမှာ သတိရှိသွားတယ်။ အ​ရေးကြီးတဲ့ဆက်သွယ်မှုတချို့ဆိုရင် သူ့ကွန်ပျူတာနဲ့သူမသုံး​တော့ဘဲနဲ့ internet cafeတို့၊ စာကြည့်တိုက်တို့လိုမျိုး​နေရာ​တွေကိုသွားတယ်။ ငါတို့က အဲ့ဒီ ' လဲပြီးမီးရှို့တယ် ' ဆိုတဲ့ post ရဲ့လမ်းလွှဲတာကို ခံလိုက်ရပြီလို့​ သူက ပြောတယ်။ အဲ့ဒီ post က အနည်းဆုံး​တော့ ဝမ့်ယွမ်အိမ်ရာနဲ့ဘာမှမသက်ဆိုင်​လောက်ဘူးတဲ့။ ဘာလို့လဲဆို​တော့၊ အဲ့ဒီ post က လူအသစ်ကတင်ထားတာ ဒါမှမဟုတ် ဒီအတိုင်း​ကြွားလုံးထုတ်ဖို့အတွက်ပဲဆိုတာကို တစ်ချက်ကြည့်လိုက်ရုံနဲ့သိနိုင်တယ်တဲ့။ တကယ်ပြစ်မှုကျူးလွန်မဲ့သူက လူသိရှင်ကြားဆက်သွယ်ထားတဲ့​ဘယ်အစအနတွေကိုမှ Seraph မှာ လုံးဝချန်ထားခဲ့မှာမဟုတ်ဘူးတဲ့။ "

" ဒါဆို သူတို့က ဘယ်လိုလုပ်ဆက်သွယ်ကြတာလဲ ?"

ရန်ရိသည် တွန့်ဆုတ်ကာ​ပြောလာသည်၊

" မဟုတ်မှလွဲ​ရော၊ ငါတို့ အစကတည်းက အခန့်မှန်းမှားခဲ့ကြတာလား။ ဝမ့်ယွမ်အိမ်ရာရယ် ကားမီးရှို့တဲ့အမှုရယ်က လဲပြီးမီးရှို့တာမဟုတ်ဘူးလား ?"

" လဲပြီးမီးရှို့တာ ဟုတ်လားမဟုတ်လားဆိုတာက ဖန်ဖေးပါးစပ်ထဲကအမှန်တရားကို နှိုက်ထုတ်နိုင်မှပဲရမယ်။ ကျိုးချွမ်း​ပြောသလိုမျိုး--​ရှောင်ထန်လည်း အခုတ​လော တူတာမျိုး​ကိုရှာတွေ့ထားတယ်--Seraph က သူ့ရဲ့ user ​တွေကို အတွင်းပိုင်းသစ္စာ​စောင့်သိမှုကို အမှတ်ပေးထားတယ်။ User ​တွေရဲ့ log in လုပ်ထားတဲ့သက်တမ်း၊ active ဖြစ်တဲ့နှုန်း၊ သုံးစွဲစရိတ်၊ အမြင်ဆန်းသစ်တဲ့အတိုင်းအတာ စတာ​တွေကိုအ​ခြေခံပြီး​တော့၊ user ​တွေကို ပိုပြီးလျှို့ဝှက်တဲ့၊ ပိုပြီးတစ်ဆင့်မြင့်တဲ့​နေရာကိုဝင်​ရောက်ဖို့အတွက် ဆွဲ​ဆောင်ထားတယ်။ အဲ့ဒီ​​နေရာက Dark web ထဲမှာရှိတဲ့ dark web ပဲ။ အဖွဲ့အစည်းထဲမှာရှိတဲ့လူ​တွေပဲ သိနိုင်တယ်။ ကျိုးချွမ်းလည်း မဝင်သွားဖူးဘူးတဲ့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now