Chapter 144

4.3K 582 17
                                    

[Unicode]

တပ်ဖွဲ့တိုင်းက လျင်မြန်စွာလုပ်ဆောင်ခဲ့ကြလေသည်။

ဤနေရာက မီးသတ်၏‌အလေးပေးအဆောက်အအုံဖြစ်ပြီး အသစ်တည်ဆောက်ထားသည့်စက်ရုံနယ်မြေလည်းဖြစ်နေသဖြင့် ပစ္စည်းကိရိယာများမှာ သစ်လွင်ပြည့်စုံ‌နေခဲ့သည်။ စက်ရုံဝင်းထဲ၌တင် မီးသတ်ပိုက်ခေါင်း 12 ခုရှိပြီး၊ အဆောက်အုံတိုင်း၌လည်း အတွင်းပိုင်းမီးသတ်ပိုက်ခေါင်းများ ရှိသေးလေသည်။ အဆောက်အအုံပြင်ဆင်မှုနှင့် ပုံမှန်ထိန်းသိမ်းရေးများကို အကုန်ဆောင်ရွက်ထားခြင်းကြောင့် မီးသတ်ပိုက်ခေါင်းတိုင်းက အသုံးပြု၍ရပေသည်။ ရေပေးသည့်ကုမ္မဏီက ရေလွှတ်‌ပေးလိုက်သည့်အခါ များပြားလှသည့်ရေပမာဏက သူ့တို့အား ကြီးမားသည့်ယုံကြည့်မှုကို ပေးစွမ်းခဲ့လေသည်။

ယန်ကြွယ်က ဦးဆောင်ပြီး၊ သူတို့သည် ရောင်ပြန်ကြိုးဖြင့် လေးယောက်တစ်ဖွဲ့ချည်ကာ ကြိုးဖြင့်လမ်းပြခဲ့ကြသည်။ လူတိုင်း gas mask အပိုတစ်စီခုယူခဲ့ကြပြီး အအေးဂိုဒေါင်ထဲသို့ ဝင်သွားခဲ့ကြသည်။

မီးစလောင်မှတ်က ဝင်ပေါက်နှင့် ကျိန်းသေအကွာအဝေးတစ်ခုရှိမည်ဖြစ်သည်။ ထိုအချိန်တုန်းက အအေးဂိုဒေါင်၏ယေဘုယျအပူချိန်မှာ ဆန်မတက်လာသေးပေ။ သူတို့ဝင်ဝင်သွားချင်းအချိန်တွင် ပတ်ဝန်းကျင်မှာ အနည်းငယ်အေးသေးသလို ခံစားရလေသည်။ အပူချိန်က မမြင့်သော်ငြားလည်း မီးခိုးမှာမူ နေရာအလွတ်အကုန်လုံးကို ပျံ့နှံ့နေပြီးဖြစ်သည်။ ထို့အပြင်  အအေးဂိုဒေါင်မီးစလောင်မှတ်နှင့် တခြားနေရာတို့ လွန်စွာမတူညီသည့်တစ်ချက်မှာ ပုံမှန်အခြေအနေ၌ဆိုလျှင် မီးခိုးက အပေါ်သို့ဆန်တက်ပြီး၊ လူရဲ့ခန္ဓာကိုယ်က ပိုနိမ့်အောင်ဖိထားလေလေ လတ်ဆတ်သည့်‌လေကို ရှူမိနိုင်ချေက ပိုများလေသည်။ သို့သော် အအေးဂိုဒေါင်မှာမူ ဆန့်ကျင်ဘက်ဖြစ်သည်။ သိပ်သည်းဆပြဿနာကြောင့် မီးခိုး‌များမှာ အောက်၌အနယ်ထိုင်ပြီး မီးခိုးရှိ အဆိပ်ပမာဏကို တိုးပြီး မြင်နိုင်စွမ်းကို လျော့ကျစေလေသည်။ ထို့ကြောင့် အလွန်အမင်းလွယ်ကူစွာ လမ်းပျောက်နိုင်ပေသည်။

သူတို့သည် သွား‌နေရင်းနှင့်အသံပြုကာ၊ တစ်ဖက်ကလည်း ပြန်ဆုတ်သည့်အချိန်အတွက်လမ်းအမှတ်အသားကို မီးအလင်းကြိုးဖြင့် လမ်းတွင် မှတ်သားခဲ့‌လေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now