Chapter 67

4K 707 48
                                    

[Unicode]

ရန်ရိ ပြန်နိုးလာသည်အချိန်တွင် လူက ​ဆေးရုံ​သို့ရောက်​နေပြီဖြစ်သည်။

ဦး​ခေါင်းမှဖိအားသည် မကျ​သေး​သော​ကြောင့် သူ့လူတစ်ကိုယ်လုံးသည် ချာချာလည်မူး​နေခဲ့သည်။ နားထင်ကလည်း တစ်ချက်တစ်ချက်ကျုံ့သွားပြီး၊ ​ခေါင်းလည်းအရမ်းကိုက်​နေခဲ့သည်။ မိနစ်အနည်းငယ်​လောက်ကြာပြီးမှ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

သူလက်ကို ဆန့်ထုတ်ပြီး လည်ပင်းကို စမ်းကြည့်လိုက်​သောအခါ အ​ရေပြားမှာ လုံးဝအ​ကောင်းတိုင်းဖြစ်​နေခဲ့သည်။ မီး​လောင်သည့်​နေရာမှ ကယ်ထုတ်လာသည့်လူအကုန်လုံးနီးပါး​လောက်မှာ Carbon monoxide အဆိပ်မိကြတာချည်းဖြစ်သည်။ သူ အများကြီးကို ကယ်ခဲ့ဖူး​လေသည်။ အကယ်၍ ​ရောဂါလက္ခဏာပြင်းထန်ပါက အ​ရေး​ပေါ်ကယ်ဆယ်​ရေးသမားသည် ​​လေပြွန်ကို နေရာ၌ပင် ခွဲစိတ်လိုက်နိုင်​ပေသည်။ ကြည့်ရသည်မှာ မိမိသည် မပြင်းထန်ဘူးဟု ဆိုနိုင်​ပေသည်။

ဒါဆို ကုံးရင့်ရှန်​ရော ?ကုံးရင့်ရှန် ဘယ်လိုဖြစ်သွားပြီလဲ ?!

သူ ဘဲလ်ကိုနှိပ်လိုက်သည်။ ခဏကြာ​သော်၊ သူနာပြုတစ်​ယောက်​ယောက် ဝင်လာခဲ့​လေသည် :

" ​ခေါင်း​ဆောင်ရန်၊ မင်း နိုးပြီလား။ "

" ကျွန်​တော်နဲ့အတူ​ရောက်လာတဲ့တစ်​ယောက်​ရော ?"

ရန်ရိ စိတ်လှုပ်ရှားစွာ​မေးလိုက်သည်။

" သူ ဘယ်လိုဖြစ်သွားပြီလဲ ?"

" ရဲအရာရှိကုံးလား။ သူက ဒဏ်ရာမပြင်းပါဘူး၊ သူ အခု Hyperbaric Therapy ခန်းထဲမှာ ကုသမှုခံယူ​နေတယ်။ ခဏ​နေဆို ပြီး​လောက်ပါပြီ။ "

ရန်ရိတစ်​ယောက် စိတ်သက်သာရာရသွားရ​တော့သည် :

" ကျွန်​တော် သတိ​မေ့​နေတာ ဘယ်​လောက်ကြာပြီလဲ ?"

" အကြမ်းအားဖြင့် ဆယ့်​လေး-ငါးနာရီ​လောက်​ပေါ့။ မင်းလည်း ခုနကမှ Hyperbaric Therapy အခန်းက​နေ ပြန်​ရောက်လာတာ။ "

" အကြမ်းအားဖြင့် ဆယ့်​လေး-ငါးနာရီ​လောက်​ပေါ့။ မင်းလည်း ခုနကမှ Hyperbaric Therapy အခန်းက​နေ ပြန်​ရောက်လာတာ။ "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now