Chapter 2

10.1K 1.1K 123
                                    

[Unicode]

မီးသတ်တပ်ဖွဲ့၏ ​နေ့စဥ်လုပ်ငန်း​ဆောင်တာမှာ စစ်​ရေး​လေ့ကျင့်ခြင်းပင် ဖြစ်သည်။ မီးသတ်တာဝန်ထမ်း​ဆောင်ရန် သွားရသည့်အချိန်နှင့် အထူးအ​ခြေ​အ​နေမျိုးမှလွဲ၍ ပုံမှန်အားဖြင့် တပ်ဖွဲ့တွင် ​နေ့စဥ် လေး၊ ငါးနာရီခန့် စစ်​ရေး​လေ့ကျင့်ရ​ပေသည်။ ​ပြောရလျှင် မီးသတ်တပ်ဖွဲ့ဟု အသိအမှတ်မပြုခင်၊ ပြန်လည်ဖွဲ့စည်းခြင်း မပြုမီအချိန်ထိ ၄င်းတို့သည် လက်နက်ကိုင်ရဲတပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ ပြန်​လည်ဖွဲ့စည်းပြီး​နောက်တွင်လည်း စစ်ပုံသွင်းခြင်းကို မူလကဲ့သို့ပင် ဆက်လက်ဆောင်ရွက်​ခဲ့ကြသည်။

သို့​သော် ယခုရက်ပိုင်းတွင် ရာသီဥတုမှာ အလွန်ပူ​သော​ကြောင့်၊ ရန်ရိသည် နေ​ရောင်ခြည်အပြင်းထန်ဆုံးအချိန်ကို​ ရှောင်ကာ​ ​လေ့ကျင့်​ရေးအချိန်ကို သတ်မှတ်ထား​သော်လည်း တပ်သားများမှာမူ ချွေးတဒီးဒီးကျ​နေဆဲပင်။

​လေ့ကျင့်​ရေးပြုလုပ်​နေဆဲအချိန်တွင်၊ ကင်း​စောင့်တပ်သားသည် ​လေ့ကျင့်​ရေးကွင်းဆီသို့ ​ပြေးလာပြီး ​ဝမ်း​​ခေါင်းသံဖြင့် အော်​ကာ :

" ​ခေါင်း​ဆောင်ရန်၊ လူတစ်ယောက်လာ​တွေ့တယ်။ "

" ဝင်လာခိုင်းလိုက် "

ရန်ရိသည် မျက်စိကို ​မှေးကာ အ​ပေါက်ဝသို့ လှမ်းကြည့်လိုက်သည်။

အကွာအ​​ဝေးတစ်ခု၌၊ စွဲမက်ဖွယ်​ကောင်းလှသည့် မိန်းမပျိုလေးတစ်ဦးသည် ပန်းစည်းအကြီးကြီး တစ်စည်းအား လက်နှစ်ဖက်ဖြင့် ပိုက်ထားကာ လက်ထဲ၌လည်း အိတ်နှစ်လုံးသယ်​ဆောင်ကာ ​ခြေလှမ်းမြန်မြန်ဖြင့် ​လျှောက်လှမ်းလာနေသည်ကိုသာ ​​တွေ့ရသည်။ ​နေ​ရောင်​အောက်တွင်၊ သူမ၏ ဖြူဖွေးလှသည့် အသားအ​ရေမှာ ဝင်းလက်လို့နေ​​သည်။ ချစ်စဖွယ် ponytail ​လေးမှာလည်း ​ခြေလှမ်းနှင့်အညီ ​နူးညံ့စွာ ယိမ်းနွဲ့​​နေ​လေသည်။ ငယ်ရွယ်မှုများဖြင့် ပြည့်နှက်လို့​နေပြီး လှ​လိုက်တာလွန်ပါလေ​ရော။ တပ်ဖွဲ့တစ်ခုလုံး၏ အကြည့်သည် သူမဆီသို့ ဆွဲ​ဆောင်ခံလိုက်သည်။

ရန်ရိ :

" တင်းချင်၊ သွားကြိုလိုက်။ "

" ဟုတ်ကဲ့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now