Chapter 86

3.8K 600 43
                                    

[Unicode]

ချိုးယန် စဥ်းစားကာ​ပြော​လေသည် :

“ တကယ်ဆို ကျစ်ယန့်က အဲ့နှစ်တုန်းကလူသတ်သမားမဟုတ်ဘူးဆိုရင်၊ သူက ဘာလို့ ငှက်မျက်နှာဖုံးကိုဝတ်ထားရတာလဲ။ ”

သူမသည် တစ်ခုခုကိုစဥ်းစားမိသွားသည့်နှယ်၊

“ ရင့်ရှန်၊ သူ အဲ့ဒီမျက်နှာဖုံးကို ဝတ်ထားတာက နင့်​ကြောင့်များဖြစ်​နေမလား။ နင့်ရဲ့အ​တွေးကို ရှုပ်​ထွေး​အောင်လုပ်ဖို့​လေ။ ”

ကုံးရင့်ရှန်၏အကြည့်သည်​ ပြောင်းသွားခဲ့ပြီး :

“ ဟုတ်တယ်၊ ဟုတ်တယ် !သူက ဗီဒီယိုစကတည်းက ကျွန်​​တော်တို့နဲ့စကား​ပြော​နေတဲ့​လေသံမျိုးနဲ့ အ​သေးစိတ်​ဖော်ပြ​နေတာ။ အဲ့ဒီမျက်နှာဖုံးပဲဖြစ်ဖြစ်၊ သူ​ပြောတာပဲဖြစ်ဖြစ် အကုန်လုံးက ကျွန်​​တော်တို့ကို ထင်​စေတာက၊ သူ ပစ်မှတ်ထား​နေတာက ကျွန်​တော်တို့လို့၊ ကျွန်​တော်တို့ကို လက်စား​ချေ​နေတာလို့၊ စစ်​ကြေညာ​နေတာလို့ဆိုပြီး။ ဒါ​ပေမဲ့ ဒါကလည်း သူက ကျွန်​တော်တို့ကို ရှုပ်​ထွေး​အောင်လုပ်တဲ့နည်းလမ်းသက်သက်ပဲဖြစ်ချင်လည်းဖြစ်နိုင်တယ်။ အဲ့တာကိုသုံးပြီး ကျွန်​တော်တို့ရဲ့အ​တွေးကို ကန့်သတ်ပစ်လိုက်တာ​မျိုးပေါ့။ တကယ်​တော့ ကျွန်​တော်တို့က အစက​နေအဆုံးထိနားမလည်ခဲ့ဘူး၊ တကယ်တမ်း သူရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို။ ”

ရန်ရိသည် အသံတိုးတိုး​လေးနှင့်ပြန်​ပြောလိုက်သည် :

“ ရည်ရွယ်ချက်…… ”

“ လက်စား​ချေတာလား ?ဆွ​ပေးတာလား ?ဒီတိုင်း အပြစ်ကျူးလွန်ချင်လို့များလား ?”

ချိုးယန်သည် မျက်​မှောင်ကိုတင်းတင်းကြုတ်ထားပြီး၊ ကိုယ့်ဘာသာ​ကိုယ်မေးပြီး ကိုယ့်ဘာသာကိုယ်ပြန်​ဖြေ​နေခဲ့သည်။

“ သူရဲ့ ရည်ရွယ်ချက်က တကယ်ပဲ ဘာလဲ။ ”

“ Prometheus,သာသနာပြုသူ၊ မီး၊ မီးကြီး​လောင်တာ…… ”

ကုံးရင့်ရှန်သည် ဗီဒီယိုထဲတွင် ကျစ်ယန့်​ပြောဖူးသည့်စကားလုံးသုံး-​လေးလုံးတို့ကို ထပ်ခါထပ်ခါ​ရေရွတ်​နေပြီး၊ ပိုပြီးနက်နဲသည့်အ​တွေးထဲသို့ ကျ​ရောက်သွား​တော့သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now