Chpater 97

3.9K 575 40
                                    

[Unicode]

ကုံးရင့်ရှန်သည် အမှုစစ်​ဆေးမှု​ကြောင့် နေ့​နေ့ညညအလုပ်များ​နေခဲ့ပြီး၊ ရန်ရိကမူ ကုံးအိမ်မီး​လောင်မှု၏သက်​သေအချက်အလက်များကို ​လေ့လာခြင်းနှင့် တပ်ဖွဲ့၏တာဝန်များ​ကြောင့် အလုပ်များ​နေခဲ့သည်။ သူတို့ချင်းမ​တွေ့ဖြစ်သည်မှာ တစ်ပတ်နှစ်ပတ်​လောက်ပင်ရှိ​တော့မည်။ တစ်ခါတ​လေအဆက်အသွယ်လုပ်ခြင်းကလည်း အမျိုးမျိုး​သောအမှုနှင့်ပက်သက်​နေ​ခဲ့သည်။ နှစ်​ယောက်စလုံးသည် အချင်းချင်းနားလည်စွာဖြင့် ကိုယ်​ရေးကိုယ်တာကိစ္စများကို မ​ပြောခဲ့ကြ​ချေ။ ကိုယ်​ရေးကိုယ်တာကိစ္စများကို မ​ပြောမှသာ၊ သူတို့၏ပက်သက်မှုမှာ ပုံမှန်ဖြစ်​နေသလိုမျိုးပင်။

အခုတ​လော ရန်ရိသည် သူ ခိုးရိုက်ထားခဲ့သည့်ကုံးရင့်ရှန်၏ဓါတ်ပုံများကို အမြဲလိုလိုလှန်ကြည့်​နေခဲ့ပြီး၊ ထိုအနမ်းကိုလည်း တိတ်တခိုးပြန်အရသာခံ​နေမိသည်။ သူတို့ဆက်ဆံ​ရေးအကောင်းဆုံးအချိန်တွင် ဓါတ်ပုံတစ်ပုံ​လောက်အတူမရိုက်ထားခဲ့သည်ကို သူ​နောင်တရ​နေခဲ့သည်။ ​ယောကျာ်းကြီးနှစ်​ယောက်က ဖုန်းကို​မြှောက်ပြီး sefile ဆွဲတာက တကယ်ကို နည်းနည်း​လေး​တော့အ​ခြောက်ဆန်​ပေသည်။ အခု​တွေးကြည့်ကြည့်​သောအခါ ​နောင်တရ​နေခဲ့​လေသည်။ ဘာလို့များ အဲ့​လောက်ထိဂရုစိုက်နေစရာလိုလို့လဲ။

​နောက်ပိုင်းတွင် အတူဓါတ်ပုံတစ်ပုံရိုက်ခွင့်ရှိမလားဆိုတာကို​တောင် မသိ​ပေ။ နှစ်​ယောက်စလုံး ကင်မရာကိုကြည့်​နေပြီး ရင်ထဲကလှိုက်လှိုက်လှဲလှဲပြုံးရယ်​နေသည့် ထိုဓါတ်ပုံမျိုး။

ဤရက်ပိုင်းအတွင်းတွင် ရန်ရိသည် အချိန်ရှာပြီး၊ သူ့အ​ဖေကို တစ်​ခေါက်သွားကြည့်ခဲ့​သေးသည်။ လူကြီးမှာ ​​ဆေးရုံတွင် ကောင်း​ကောင်းအ​စောင့်​ရှောက်ခံထားရသဖြင့် ​ပေါင်လေး-ငါး​ပေါင်​လောက်​တောင်မှ တက်လာ​သေးလေသည်။ ဤ​နေရာက ​နေရာထိုင်ခင်းနှင့် nurse တို့ကိုလည်း အလွန်အမင်းချီးကျူး​နေသဖြင့်၊ ရန်ရိအား အလွန်စိတ်ချမ်းသာ​စေခဲ့​လေသည်။

သည်တစ်​ခေါက်တွင် ချွီးယန်​ပေါသည် သူ့ကို အ​ဖော်လိုက်​ပေးခဲ့သည်။ အဘယ့်​ကြောင့်ဆို​သော် အထက်အရာရှိကအစတပ်သားအထိ၊ ကုံးရင့်ရှန်လည်း အပါအဝင်၊ အကုန်လုံးသည် သူ့အား တစ်​ယောက်တည်းသွားလာခွင့်မပြု​​သော​ကြောင့်ပင်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now