[Unicode]
ဝမ့်ယွမ်ရပ်ကွက်မှ မီးသည် ညရှစ်နာရီလောက်မှ ငြှိမ်းသတ်နိုင်ခဲ့လေသည်။
အိုက်ရှင်းချောင်တပ်ဖွဲ့၏တပ်သား ကျိုးယင်း၏အလောင်းကို သယ်ထုတ်လာသောအခါ၊ အခင်းနေရာတွင် ဝမ်းနည်းစွာငိုကြွေးသံများသည် ဆူညံ့လာခဲ့လေသည်။ ခုနတုန်းက မီးငြှိမ်းသတ်ရာတွင်ပါဝင်ခဲ့ကြသည့်တပ်သားများသည် တစ်ဖက်တစ်ချက်ဆီတွင်ရပ်လိုက်ကြပြီး၊ မိမိတို့၏ရဲဘော်ကို မျက်နှာတစ်ပြင်လုံးညစ်ပေနေကာ ပင်ပန်းနွမ်းနယ်မှုများ တစ်ကိုယ်လုံးအပြည့်နှင့် ကြည့်နေခဲ့ကြသည်။
ဟုန်ဝူတပ်ဆွယ်၏ တပ်ဆွယ်ခေါင်းဆောင်ချန်ရှောင်ဖေးနှင့်အတူ နိုင်ငံရေးပါတီကော်မတီများ၊ ဒု-တပ်ဆွယ်ခေါင်းဆောင်စသည်တို့သည် သတင်းကြား၍ အခင်းနေရာသို့ အမြန်ရောက်လာခဲ့ကြလေသည်။
ချန်ရှောင်ဖေးသည် အားမာန်အပြည့်နှင့်အော်လိုက်သည် :
" အလေးပြု-- "
တပ်သားများသည် ညာလက်ကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြသည်။ တစ်ချိန်တည်း၌ အခင်းနေရာရှိ မီးသတ်ကားကိုးစီးတို့သည် ဥဩဆွဲကြလေသည်။ ဝမ်းနည်းပူဆွေးသံများသည် ဤဖျော့တော့နေသည့်ညအလင်းရောင်ကို ပို၍မှုန်မှိုင်းစေခဲ့လေသည်။
အခင်းနေရာကို ရှင်းလင်းရန်အတွက် ချန်ရှောင်ဖေးသည် တစ်ခြားတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီး၊ မီးပါဝင်ငြှိမ်းသတ်ခဲ့သည့်တပ်သားများအားလုံးကို ပြန်ပြီး အနားယူစေခဲ့သည်။
မီးသတ်ကားများသည် တစ်စီးပြီးတစ်စီး မောင်းထွက်သွားလေသည်။ ရန်ရိသည် ထွက်ခွာရန် လောမနေဘဲ၊ ချန်ရှောင်ဖေးအနားသို့ သွားလိုက်သည် :
" ခေါင်းဆောင်ချန်။ "
ချန်ရှောင်ဖေးသည် ခေါင်းညိတ်ပြလိုက်ပြီး :
" ပင်ပန်းသွားပြီ။ "
ရန်ရိသည် ချန်ရှောင်ဖေး၏မျက်လုံးကို ကြည့်ရင်း :
" ခေါင်းဆောင်ချန်၊ အရာရှိချုပ်ရွှီနဲ့ခေါင်းဆောင်ချန်တို့ရဲ့ ညွှန်ကြားချက်က ပြဿနာမရှိပါဘူး။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...