Chapter 4

7.1K 1K 92
                                    

[Unicode]

ရန်ရိသည် ကုံးရင့်ရှန်မျက်နှာအားကြည့်ပြီး မှင်သက်ကာ အတွေးထဲတွင် နစ်မျောသွားသည်။

ကုံးရင့်ရှန်ကမူ သူ့အား အရေးမလုပ်ပေ။

" ဖေးလန်၊ အစ်ကို ညီမလေးကို အိမ်ပြန်ပို့ပေးမယ်။ "

ကုံးဖေးလန်သည် ခေါင်းကိုငုံ့ထားပြီး စကားမပြောပေ။

" အရင်ဆုံး ငါ့အိမ်ကို သွားရအောင်၊ ဒေါ်လေးကို ငါပြောပေးမယ်။ "

" ဘာပြောစရာလိုလို့လဲ။ "

ကုံးဖေးလန်သည် အေးတိအေးစက်ပြုံးလိုက်ကာ၊

" ငါ တစ်သက်လုံး အိမ်ပြန်မလာခဲ့ဘူးဆိုရင်တောင်မှ သူ သိမှာမဟုတ်ဘူး။ "

" အရင်ဆုံး ငါနဲ့အတူ ပြန်ရအောင်။ "

ကုံးရင့်ရှန်သည် ရန်ရိအား တစ်ချက်စောင်းကြည့်လိုက်ပြီး၊

" ဒီလိုနေရာမျိုးကို နင် နောက်တစ်ခါ ထပ်မလာနဲ့တော့။ "

ရန်ရိသည် အသိပြန်ဝင်လာခဲ့သည်။ စိတ်ထဲတွင် တွေးမိသည်၊ ဒီရုပ်ရည်ကြောင့် အသိစိတ်လွတ်သွားခဲ့တာပဲ၊ လူကို စိတ်အနှောက်အယှက်ဖြစ်ရအောင်လို့ ဒီလူက ဘယ်လိုဖြစ်ပြီး ဒီလောက် ဆွဲဆောင်မှုရှိနေရတာလဲ။

" ဘာကို ' ဒီလိုနေရာမျိုး ' လို့ ခေါ်တာလဲ ?"

သူသည် လက်နှစ်ဖက်အား ရင်ဘတ်ရှေ့တွင် ယှက်ထားပြီး ကုံးရင့်ရှန်အား ကြည့်လေသည်၊

" ဒီနေရာက၊ ဟုန်ဝူခရိုင်၊ ထျန်းချီမြို့ရဲ့ မီးတပ်တပ်ဖွဲ့၊ အထူးတာဝန်ပေးအပ်ထားခြင်းခံရတဲ့ ဖုန့်ဟွမ်မီးတပ်စခန်း၊ 12 စတုရန်းကီလိုမီတာ ပတ်ပတ်လည်မှာရှိတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စောင့်ရှောက်ပေးနေတဲ့နေရာ၊ မင်းက ' ဒီလိုနေရာမျိုး ' ကို မနှစ်မြို့စရာတစ်ခုခုများရှိလို့လား ?"

" ဒီနေရာက၊ သန့်ရှင်းရေးသတ်မှတ်ချက်မပြည့်တဲ့နေရာတစ်ခု၊ သန့်ရှင်းတဲ့စံနှုန်းမပြည့်တဲ့လူတွေက တစ်စုတည်း စုနေကြလို့။ "

ကုံးဖေးလန်သည် မတ်တပ်ထရပ်လိုက်ပြီး :

" တစ်ဝမ်းကွဲအစ်ကို၊ မပြောနဲ့တော့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now