Chapter 13

5.1K 809 66
                                    

[Unicode]

လေး-ငါးနာရီခန့် မေးမြန်းပြီးနောက်၊ ကျိုးချွမ်းဆီမှ ယာယီအားဖြင့် ဘာမှထပ်မေးလို့ မထွက်လာတော့ပေ။ သူတို့လည်း ပင်ပန်းနေပြီ ဖြစ်သည်။

စစ်ဆေးမေးမြန်းသည့်အခန်းမှ ထွက်လာသောအခါ၊ ရန်ရိသည် ကုံးရင့်ရှန်အနောက်မှ ထော့နဲ့ထော့နဲ့ဖြင့် လိုက်လာပြီး ညည်းတွားလေသည် :

" ရေဆာလိုက်တာ။ မင်းက ကိုယ့်ဘာသာကျ ရေဗူးယူလာပြီး၊ ငါ့ကို ရေတစ်ခွက်လောက် ထည့်လာပေးဖို့တောင် သတိမရဘူးလား ?"

ကုံးရင့်ရှန်သည် လမ်းလျှောက်ရင်းဖြင့် အချက်အလက်များကို ကြည့်နေခဲ့သည်။ သူသည် လက်ညှိုးညွှန်ချင်ရာကို ညွှန်ပြလိုက်ပြီး :

" ရေသန့်စက်။ "

ရန်ရိသည် မခံမရပ်နိုင်ဖြစ်ပြီး ပြောလာသည်၊

" ငါ့ခြေထောက် ဒီလိုအဆစ်လွဲသွားတာ ဘယ်သူ့ကြောင့်လဲ ?ဘယ်သူက ငါ့ကို ညလယ်ခေါင်ကြီး သွားပြီး အမှုစစ်ဆေးခိုင်းတာလဲ ?ဘယ်သူ့က ငါ့ကို ခလုတ်တိုက်အောင်လုပ်တာလဲ ?"

ကုံးရင့်ရှန်သည် နောက်ဆုံးတော့ အသိစိတ်ဝင်လာခဲ့ပြီး၊ သူ့အား ခေါင်းတစ်ချက်လှည့်ကြည့်လိုက်သည် :

" ဒီမှာ စောင့်နေ။ "

ရန်ရိသည် ဧည့်တွေ့နေရာရှိ ဆိုဖာခုံပေါ်တွင် ထိုင်လိုက်ပြီး၊ မျက်စိရှေ့ရှိ ရုံးခန်းဧရိယာကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ တစ်ပုံစံထဲဖြစ်နေသည့် စားပွဲများကို လေး-ငါးတန်းမျှ စီထားသော်လည်း၊ ဘယ်တစ်ခုက ကုံးရင့်ရှန်၏စားပွဲဖြစ်ကြောင်းကို သူသည် ချက်ချင်း အတိအကျပြောနိုင်ပေသည်။

သေချာပေါက် အသန့်ရှင်းဆုံး၊ ပစ္စည်းတွေ စနစ်တကျအဖြစ်ဆုံး စားပွဲပဲပေါ့။

သူ့၏မျက်လုံးများသည် ကုံးရင့်ရှန်တစ်ယောက် နံရံအနားရှိ ရေသန့်စက်ဆီသို့ သွားကာ၊ တစ်ရှူးကို ယူလိုက်ပြီး၊ သူ့အား ခန္ဓာကိုယ်ကိုဘေးတိုက်ပေးထားလျက်ဖြင့် ခါးကိုကိုင်းပြီး၊ ရေထည့်နေသည်ကို ကြည့်နေခဲ့သည်။

ခါးကိုကိုင်းလိုက်ခြင်းသည် ကုံးရင့်ရှန်၏ အနောက်တိုင်းဘောင်းဘီကို တင်းဆန့်သွားစေပြီး၊ သူ့၏ပင့်တက်နေသည့် တင်ပါးနှင့် ခြေတံရှည်များကို ပိုပြီး ထင်ရှားသွားစေသည်။ ထို့အပြင် မြင့်တက်သွားသော ဘောင်းဘီစသည် ခြေကျင်းဝတ်နေရာရှိ သေနတ်အဖုံးကို နည်းနည်းလေး လှစ်ဟသွားစေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now