Chapter 58

3.6K 632 8
                                    

[Unicode]

ရန်ရိ စခန်းသို့ ပြန်​ရောက်​သောအခါ၊ အင်္ကျီလဲပြီး ​ခေါင်း​ဆောင်ကိုကြိုဆိုရန် ပြင်ဆင်​တော့သည်။ သို့​သော်၊ အ​ဆောက်အအုံထဲသို့ ဝင်ဝင်ချင်း၊ ချွီးယန်​ပေါ၏​အော်​ခေါ်ခြင်းကို ခံလိုက်ရသည်။

“ လာလာလာ။ ”

ချွီးယန်​ပေါသည် သူ့အား​ခေါ်လိုက်ပြီး၊

“ ငါနဲ့ဂို​ဒေါင်ကို လိုက်ခဲ့။ ”

ရန်ရိသည် ချွီးယန်​ပေါတစ်​ယောက် SLR camera ကို ချိန်ညှိ​နေသည်ကိုကြည့်ရင်း၊

ရန်ရိသည် ချွီးယန်​ပေါတစ်​ယောက် SLR camera ကို ချိန်ညှိ​နေသည်ကိုကြည့်ရင်း၊

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

“ ဘာရိုက်​နေတာလဲဟ ?”

“ စွဲမက်ဖွယ်လှုပ်ရှားမှုဗီဒီယိုရိုက်မလို့။ ”

ချွီးယန်​ပေါသည် စဥ်းစား​နေခြင်းမရှိဖြေလိုက်သည်။

ရန်ရိသည် တဟဲဟဲရယ်လျက် :

“ ဒီလိုကိစ္စမျိုးဆို ငါ့ရှာတာ မှန်သွားပြီ။ ”

ကားဂို​ဒေါင်သို့ ရောက်​သော်၊ မိုး​မျှော်​လှေကားတစ်ထစ်ဆန့်ထုတ်ထားပြီး၊ လီဆာ့သည် မိုး​မျှော်​လှေကား​ပေါ်တွင် ​ပြောင်းပြန်ချိတ်ထားသည်ကို ရန်ရိ ​တွေ့လိုက်ရသည်။ ​အောက်ဖက်ရှိတပ်သားများအားလုံးမှာ လက်ခုပ်လက်ဝါးတီးပြီးအား​ပေး​နေခဲ့ကြသည်။

“ ဒါဘာလုပ်​နေတာတုန်း ?”

ရန်ရိမှာ ကြည့်​နေရင်း အနည်းငယ်​လန့်လာခဲ့သည်။

“ သူ့ကို ဘယ်သူတက်သွားခိုင်းတာလဲ။ ”

“ ဗီဒီယိုအတို​လေး​တွေကို cut လုပ်ပြီး ကျွန်​တော်တို့ weibo မှာတင်မယ်လို့​ နည်းပြကပြောတာ။ ”

စွန်းတင့်ယိသည် နှုတ်ခမ်းစူပြီး​ပြောလိုက်သည်။

“ လူတိုင်းကအကုန်လုံး စက္ကန့်နည်းနည်စီးခွဲယူထားကြတာ၊ ဒါက သူ သူ့ဘာသာသူလုပ်တာ။ ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now