Chapter 76

3.1K 551 3
                                    

[Unicode]

နှစ်​ယောက်သည် စစ်​ဆေး​မေးမြန်းသည့်အခန်းထဲသို့ဝင်သွား​သော်၊ ချန်​ဖေ့သည် အသံကြားသဖြင့် ​ခေါင်း​မော့ကြည့်လာခဲ့​လေသည်။ မျက်နှာအထက်တွင် ဘာအမူအရာမှမရှိ​ချေ။ ထိုနွမ်းလျ​နေသည့်မျက်လုံးထဲတွင်လည်း သူတို့​နှစ်​ယောက်တောင်မှမရှိဘဲ၊ လူတစ်ကိုယ်လုံးမှာ အခွံကြီးဖြစ်​နေသလိုမျိုးပင်။

ကုံးရင့်ရှန်သည် ချန်​ဖေ့၏မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ပြီး၊ သူ့အား တစိုက်မတ်မတ်စိုက်ကြည့်​​နေခဲ့သည်။

ရန်ရိမှာ နံရံကို​ဘေးတ​စောင်းမှီထားလျက် ​ဘေးတွင် မတ်တပ်ရပ်​နေခဲ့သည်။ ပြီးခဲ့သည့်အခေါက်တုန်းက ကုံးရင့်ရှန် ချန်​ဖေ့ကိုရင်ဆိုင်သည့်အချိန်တုန်းကမြင်ကွင်းကို သူမှတ်မိ​သေး​ပေသည်။ ကုံးရင့်ရှန်အထိန်းအချုပ်မဲ့ခြင်းကို သူ တားဆီရ​ပေမည်။

တစ်ဆက်တည်းမှာပင်၊ ချိုးယန်သည် အချက်အလက်တစ်ပုံကြီးကို ပိုက်လာပြီး၊ ​ကျန်​ဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

ကုံးရင့်ရှန်သည် ချန်​ဖေ့၏မျက်လုံးများကို မှုန်မှိုင်းစွာစိုက်ကြည့်ရင်း :

" ခင်ဗျားက ကျုပ်ကို ​တောက်​လျှောက်​တွေ့ချင်​နေတာမလား။ ကျုပ်ကို မျက်နှာချင်းဆိုင်​​တွေ့ပြီးပြောရမဲ့ကိစ္စတချို့ရှိတယ်လို့ ခင်ဗျား​ပြောခဲ့တယ်မလား၊ အခု ခင်ဗျား​ပြောလို့ရပြီ။ 。"

ချန်​ဖေ့သည် တင်ကို ပျင်းရိပျင်းတွဲနှင့်ရွှေ့လိုက်သည် :

" ငါ ကျူးလွန်တဲ့ကိစ္စက ​ကျိန်း​သေ,သေဒဏ်ဖြစ်မယ်ဆိုတာဟုတ်လားမဟုတ်ဘူးလား ?"

" ရဲက အမှုစစ်​ဆေးဖို့ကိုပဲ တာဝန်ယူတယ်။ ဆုံးဖြတ်တာက တရားရုံးကို လွှဲ​ပြောင်း​ပေးရမှာ။ "

" မင်း ဟန်​ဆောင်မ​နေနဲ့၊ မင်းတို့က မသိဘူးတဲ့လား ?"

ချန်​ဖေ့သည် ​အေးစက်စွာရယ်လိုက်ပြီး၊

" ငါ့ရဲ့​ရှေ့​နေက​ပြောတယ်၊ ကြိုတင်ကြံစည်ထားပြီး​​တော့ လူကိုမီးရှို့သတ်တာနဲ့ မကြံစည်ထားဘဲသတ်မိတာတို့ရဲ့ ရလဒ်က အကွာကြီးတဲ့။ ငါ တကယ် လူမသတ်ချင်ပါဘူး။ သူ​ပေးတဲ့ အဲ့ဒီပိုက်ဆံ​လေး ​လေး-ငါး​သောင်း​လောက်​လေးနဲ့ ငါ​သေနတ်အပစ်ခံရတာနဲ့က မတန်ပါဘူး။ မီးကပိုပိုပြီးကြီးလာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now