Chapter 95

4.2K 596 19
                                    

[Unicode]

အ​တွေ့အကြုံအရ​ပြောရမည်ဆိုလျှင် ၄င်းသည် ရန်ရိကြုံ​တွေ့ဖူးသည့် အဆိုးရွားဆုံးအနမ်းတစ်ခုဖြစ်​လေသည်။

ကုံးရင့်ရှန်မှာ အ​တွေ့အကြုံမရှိသည့်အပြင် ​ဒေါသအဆွခံထားရသည့်အ​ခြေအ​နေလည်းဖြစ်​​နေသဖြင့်၊ ထို့​ကြောင့် အားကို ​ကောင်း​ကောင်းထိန်းချုပ်နိုင်ခြင်းမရှိဘဲ၊ တိုက်မိ​တော့မလိုဖြစ်သွား​လေသည်။ တိုက်မိသွားသဖြင့် ရန်ရိ၏သွားဖုံးများပင် နာလာရပြီး၊ မူး​ဝေလာရ​တော့သည်။

သို့​သော် အဓိပ္ပါယ်အရ​ပြောရမည်ဆိုလျှင်၊ ၄င်းသည် ရန်ရိတစ်ဘဝလုံး​မေ့မည်မဟုတ်သည့်၊ ယခုအချိန်အထိ အ​ရေးအပါဆုံးဖြစ်သည့်အနမ်းတစ်ပွင့်ဖြစ်​လေသည်။

သူ့၏နှလုံးခုန်နှုန်းက ရပ်​တော့မလို​တောင်ဖြစ်​နေသည်ကိုသာ သူခံစားမိ​လေသည်။ အ​ရောင်ထွက်​နေသည့်မျိုးစေ့တစ်​စေ့သည် သူ့၏အနက်ရှိုင်းဆုံး​သောစိတ်ဉာဥ်ထဲတွင် လျင်မြန်စွာအ​ညှောင့်​ပေါက်လာပြီး အစွမ်းကုန်ကြီးပြင်းလာကာ သူ့၏အသိစိတ်ကို ​နေရာအပြည့်သိမ်းပိုက်လိုက်​​တော့သည်။ ယခုအချိန်တွင် သူ့အတွက် ဤအနမ်းမှလွဲ၍ ဘာကိုမှထပ်မခံစားနိုင်​​တော့အောင်၊ ဘယ်အရာကမှလည်း ပိုအ​ရေးမကြီး​တော့သ​ယောင်ဖြစ်​စေခဲ့သည်။

ကုံးရင့်ရှန်၏အ​စတုန်းကတဇွတ်ထိုးဆန်မှုသည် တုန်လှုပ်ခြင်းအဖြစ်သို့​ပြောင်းလဲသွားခဲ့သည်။ တုန်လှုပ်မှုများကြားတွင် ရန်ရိ၏ဦး​ဆောင်မှုကိုလိုက်ပြီး လုံးလုံးလျားလျားကိုနစ်​မြှုပ်သွားရ​တော့​လေသည်။

အရင်တုန်းက သူသည် လူ​တွေ၏မျိုးပွားခြင်းဖြစ်စဥ်မှအပ နီးကပ်သည့်အပြုအမူအကုန်လုံးသည် မလိုအပ်သည့်အရာများဖြစ်ပြီး၊ မျိုး​စေ့ပြန့်ပွားဖို့မှလွဲ၍ လက်​တွေ့ဆန်သည့်အဓိပ္ပါယ်မရှိဘူးဟု ထင်ခဲ့မိသည်။ သူ့ဘာသာသူတည်ရှိ​နေခြင်းက လှပသည့်အရာဖြစ်ပြီး အဓိပ္ပါယ်ရှိဖို့ရန် မလိုအပ်ဘူးဟု--ရန်ရိက သူ့ကို နားလည်​စေခဲ့သည်။--ဥပမာ ဤအနမ်းပင်။

ကုံးရင့်ရှန်တစ်​ယောက် မထိန်းချုပ်နိုင်ဘဲနှင့်၊ သူ့၏​နောက်​စေ့ကို လက်အကြီးကြီးဖြင့် ထိန်းလိုက်သည်။ သူ့အား ယခုအချိန်ကိုထာဝရစွဲလမ်း​သွားစေသည့်နှယ်၊ မတင်းတိမ်နိုင်၊ လက်မ​လျှော့နိုင်ဖြစ်​နေခဲ့သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now