[Unicode]
ကုံးရင့်ရှန် ရန်ရိဘေးနားသို့ သွားလိုက်ပြီး၊ ရန်ရိအား ဒေါသလည်း ထွက်၊ စိတ်လည်း လှုပ်ရှားနေသည့်အကြည့်နှင့် အပေါ်အောက်တစ်ချက်အကဲခတ်လိုက်၏။
ရန်ရိ တိုးတိုးလေး ကပ်ပြောလိုက်သည်:
" ငါ ဘာမှမဖြစ်ဘူး။ "
ကုံးရင့်ရှန်ကမူ ဒေါသဖြင့်:
" ပြန်ရောက်မှ မင်းနဲ့စာရင်းရှင်းမယ်။ "
ရန်ရိတစ်ယောက် ယခုအချိန်တွင် သပွတ်အူအလား စိတ်ရှုပ်ထွေးနေတော့သည်။ မျက်စိရှေ့ရှိ သူနှင့်ဆွေမျိုးတော်စပ်သည့်သူက သူ့မိသားစုကို သတ်ဖို့ရန် လူငှားခဲ့သည့်လူသတ်သမားဆိုတာကို ကုံးရင့်ရှန်အား မည်သို့ပြောရမည်နည်း?
ထိုအချိန်တွင် ယွဲ့ရှင်းကူက ခေါင်းကို ငုံ့ထားပြီး ကုံးရင့်ရှန်အား လုံးဝမကြည့်ရဲချေ။
ပိုင်ချစ်ချန်ကမူ ရန်ရိအား ထိုကဲ့သို့သောအချိန်မပေးချေ။ ကုံးရင့်ရှန်အား အကြည့်မလွှဲဘဲ:
" ဒေါက်တာကုံး၊ ပထမဆုံးတွေ့ဖူးတာဆိုပေမဲ့ ကျွန်တော်တို့က အကြိမ်ကြိမ်ရင်ဆိုင်ဖူးပြီးပြီနော်။ "
ကုံးရင့်ရှန်က ပိုင်ချစ်ချန်ကို မှုန်သေသေစိုက်ကြည့်ရင်း:
" ခင်ဗျားလိုမျိုး လူသူအသိမခံတဲ့လူသတ်သမားက ကျုပ်နဲ့ ' ရင်ဆိုင် ' တယ်လို့ ပြောမထိုက်ဘူး။ ကျုပ်က ခင်ဗျားကို ဖမ်းနေတာ။ "
" ခင်ဗျား ဘာပြောပြော ကိစ္စမရှိပါဘူး။ ခင်ဗျား ကျွန်တော့်ကို နိုင်သွားပြီလို့ ထင်နေတာလား ?"
ပိုင်ချစ်ချန်က ရယ်လိုက်၏။ သူ့ကို ကြည့်လိုက်သည်နှင့် တုံဏှိဘာဝေလူစားမျိုးမှန်း သိသာပေသည်။ သို့ဖြစ်၍ ဤအပြုံးမှာ အတော်လေးကို တောင့်တင့်ပြီး ပုံမှန်မဟုတ်မှန်း သိသာပေသည်။
" ခင်ဗျားတို့ ဘယ်တုန်းကမှ မနိုင်ဖူးဘူး။ ဆန့်တငင်ငင်ဖြစ်နေပြီး ဆုံးရှုံးမှုကို နည်းနည်းလောက် လျှော့ချနိုင်ခဲ့ရုံလေးပဲရယ်။ "
" ဟုတ်တယ်၊ အဲ့တာက နိုင်တယ်မခေါ်ဘူး။ "
ရန်ရိသည် အံကိုကြိတ်ပြီး၊
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...