[Unicode]
အိမ်သို့ရောက်သော်၊ ရန်ရိမှာ အိပ်ချင်စိတ်လုံးဝမရှိတော့ဘဲ၊ လန်းဆန်းတက်ကြွနေခဲ့သည်။ သူသည် စိတ်လှုပ်ရှားမှုကို ခက်ခက်ခဲခဲဖိနှိပ်ထားကာ ပြောလိုက်သည် :
" မင်း ရေအရင်သွားချိုးလိုက်။ ငါ မင်းအတွက် ခေါက်ဆွဲပြုတ်လုပ်ပေးမယ်။ "
" ကောင်းပြီ။ "
ကုံးရင့်ရှန်သည် ချွတ်လိုက်သည့်အနောက်တိုင်းအင်္ကျီနှင့်နက်ခ်တိုင်အား အင်္ကျီစင်ပေါ်တွင် ရင်းနှီးကျွမ်းဝင်စွာချိတ်လိုက်သည်။
ရန်ရိသည် အနောက်မှနေ၍ သူ့အား တစ်ချက်ကြည့်လိုက်ပြီး၊ တိတ်တိတ်လေးပြုံးလိုက်သည်။ နှစ်ယောက်သား တစ်အိမ်ထဲတွင်အတူနေသည်ဟု ထင်ရသည့် နေထိုင်မှုမြင်ကွင်းကို သူ သဘောကျပေသည် :
" ရေချိုးခန်းကအေးနေတယ်ဆိုရင် bathing facility ဖွင့်လိုက်နော်။ "
[ TN : Bathing facilityက အပေါ်ကအဖြူလေးပါ၊ ရာသီဥတုအေးတဲ့အခါ ရေချိုးရင်အေးမှာစို့လို့ အပူဓါတ်ပေးတဲ့သဘောမျိုးပါ။ ]
ရန်ရိ မီးဖိုချောင်ထဲသို့ဝင်သွားခဲ့သည်။ အသင့်စားခေါက်ဆွဲထုပ်သုံး-လေးထုပ်ကို ထုတ်လိုက်ပြီး၊ ကြက်ဥနှင့် sausage တို့ကိုပါ ပြင်ဆင်လိုက်သည်။ ထို့နောက် ၄င်းတို့ကို ရေဆူဆူထဲတွင်ထည့်ပြီးပြုတ်လိုက်သည်။ သူ စဥ်းစားလိုက်ပြီး၊ ရေခဲသေတ္တာကိုထပ်ဖွင့်ကာ အကြာကြီးလှန်လှောနေခဲ့သည်။ ထို့နောက် အရသာသုံးမျိုးပါဝင်သည့် အသင့်စားဖက်ထုပ်တစ်ထုပ်ကို ရှာတွေ့သွားခဲ့သည်။ တကယ်တော့၊ ခေါက်ဆွဲပြုတ်ချည်းပဲစားကတာ တကယ့်ကိုနည်းနည်းလေးတော့ရုပ်ဆိုးတယ်လေ။ " မမလေး ကုံး " ၏ ထိုဇီဇာကြောင်သည့်အကြည့်ကို သူတွေးကြည့်မိပြီး၊ မရယ်ဘဲနှင့်မနေနိုင်တော့။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...