[Unicode]
ကုံးဖေးလန်၏စကားတစ်ခွန်းကြောင့် အခန်းထဲရှိလူနှစ်ယောက်မှာ ဦးရေပြားများပေါက်ကွဲထွက်သွားရတော့သည်။
ကုံးရင့်ရှန်မှာ ရုတ်တရက် မျက်နှာပူစပ်စပ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ရန်ရိသည် မျက်နှာကိုတိတ်တိတ်ကလေးလွှဲလိုက်ပြီး၊ သေမတတ်အရယ်အောင့်ထားသည့် ချွီးယန်ပေါအား မျက်ဖြူလှန်ပြလိုက်သည်။
ကုံးရင့်ရှန်သည် မျက်နှာကိုတင်းတင်းထားလျက် :
" ဆေးရုံမှာ အော်ကြီးဟစ်ကျယ်လုပ်နေနဲ့။ "
" အစ်ကို၊ နင် ဘယ်လိုနေသေးလဲ ?"
" နင် ဆေးရုံကို ဘာလာလုပ်တာလဲ၊ ကျောင်းသွားမတက်ဘူးလား။ "
" ငါ ကျောင်းဆင်းမှလာတာ။ "
ကုံးဖေးလန်သည် ကုံးရင့်ရှန်အားကြည့်ရင်း စိတ်ပူစွာပြောလေသည်။
" နင် ဘယ်နားဒဏ်ရာရသွားတာလဲ ?သူတို့ပြောတော့ နင် အဆိပ်မိတာဆို။ "
သူ ရန်ရိဆီသို့လှည့်သွားပြီး၊
" ခေါင်းဆောင်ရန်၊ ရှင်လည်း အဆိပ်မိတာလား ?"
ရန်ရိသည် ချောင်းအသာဟန့်လိုက်ပြီး :
" ဟိုတစ်ခေါက်တုန်းက မင်းနဲ့အတူတူပဲ၊ Carbon monoxide ရှူမိသွားတာ။ လေး-ငါးရက်လောက်ဆိုကောင်းသွားပါပြီ။ "
ကုံးဖေးလန်သည် သက်သာရာရသွားပြီး :
" ကျွန်မက လိုင်းပေါ်ကတွေ့တာ၊ ဘယ်သူမှ ကျွန်မကို မပြောပြကြဘူး။ ကျွန်မကြည့်လိုက်တော့ မတော်တဆဖြစ်တာက ဟုန်ဝူဆေးရုံဆိုတော့ ရှင်တို့ သေချာပေါက်ရှိမယ်မှန်းသိလိုက်တယ်။ "
" စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး။ "
ကုံးဖေးလန်သည် ကုံးရင့်ရှန်အား အသေးစိတ်တစ်ချက်အကဲခတ်ကြည့်လိုက်ပြီး၊ အသံတိုးတိုးလေးနှင့်ပြောလေသည် :
" နင် ဆေးရုံတက်ရတာကိုတောင် ငါ့မပြောဘူး၊ ငါ နင့်ကို အရမ်းစိတ်ပူနေတာ။ "
ကုံးရင့်ရှန်၏အမူအရာမှာ အနည်းငယ်နူးညံ့သွားပြီး :
" နင့်ကို ပြောပြလည်း ဘာမှအသုံးမဝင်ဘူး၊ နင်စာလေ့လာတာကိုတောင် ထိခိုက်ဦးမယ်။ "
VOCÊ ESTÁ LENDO
Fight The Fire 《火焰戎装》Myanmar Translation
Ficção GeralOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...