[Unicode]
ချိုးယန်နှင့်ရန်ရိတို့က ကန်တင်းသို့ အရင်သွားနှင့်ပြီး၊ ကုံးရင့်ရှန်ကမူ ကားဆီသို့ပြန်သွားကာ မိမိ၏ထမင်းဘူးကို သွားယူလေသည်။
ချိုးယန် စကားစ,သည်ကို မစောင့်ဘဲ၊ ရန်ရိက အရင်ပြောလိုက်သည် :
" ခေါင်းဆောင်ချိုး၊ ခင်ဗျား ကျွန်တော့်ကို တောင်းပန်စရာမလိုပါဘူး။ ခင်ဗျားပြောသလိုပဲ၊ ခင်ဗျားက ခင်ဗျားရဲ့အလုပ်ကို လုပ်တာဖြစ်ပြီး၊ ရဲတစ်ယောက်ရဲ့တာဝန်ကို ဆောင်ရွက်နေရုံပါ။ ခင်ဗျားနေရာမှာ ကျွန်တော်သာဆိုရင်၊ ကျွန်တော်လည်း အဆုံးထိစစ်ဆေးမှာပါပဲ။ "
" ရှင်နားလည်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သဘောတရားအရဆို ကျွန်မ ရှင့်အပေါ်မှာ အရမ်းအပြစ်မကင်းသလိုခံစားနေရတုန်းပဲ။ တကယ်ဆို ရှင်က ကျွန်မတို့ကို တကယ့်ကိုအများကြီးကူညီပေးခဲ့တာလေ။ "
ချိုးယန် ခေါင်းငုံ့လိုက်ပြီး၊
" ကျေးဇူးပြုပြီး စိတ်ချပေးပါ၊ အမှန်တရားကို ရှာတွေ့နိုင်ဖို့အတွက် ကျွန်မ အတတ်နိုင်ဆုံးကြိုးစားမှာပါ။ အခုတလော အမှုကလည်း တောက်လျှောက်တိုးတက်မှုရှိနေတယ်။ ပြည်တွင်းက မီးရှို့သူသုံး-လေးယောက်လောက်ကို Seraph ကနေတစ်ဆင့် ကျွန်မတို့ ဖမ်းထားပြီးသွားပြီ။ သင့်တော်တဲ့အချိန်ရောက်ရင် Web ကို အတူတူသိမ်းကြလိမ့်မယ်။ ပြီးခဲ့တဲ့ခေါက်တုန်းက ရင့်ရှန် ရှင့်ကိုပြောတဲ့ ဟိုမီးလောင်ထားတဲ့အလောင်းက သူ့ရဲ့ ID ကို အတည်ပြုပြီးတဲ့နောက်မှာ သူရဲ့ပိုက်ဆံတွေက သူသေပြီးနောက်ပိုင်းမှာ အယောင်ဆောင်ပြီးအယူသွားခံရတယ်ဆိုတာကို ကျွန်မတို့ရှာတွေ့ခဲ့တယ်၊ ကျွန်မတို့လည်း စစ်ဆေးနေတုန်းပဲ။ "
ရန်ရိသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် :
" ဒါဆို ပိုင်ယန့်ကရော ?"
" ပိုင်ယန့်ရဲ့ မှုခင်းစုံစမ်းမှုဖျက်ဆီးနိုင်စွမ်းက အရမ်းကောင်းတယ်၊ ကျွန်မတို့ သုံး-လေးခေါက်လောက်လိုက်လို့ရခဲ့တဲ့ သဲလွန်စတွေအကုန်လုံးက အဖျက်ဆီးခံလိုက်ရပြီ။ ပိုင်ယန့်ရဲ့လမ်းကြောင်းကို ဖုံးပြီး၊ သူ့ကို ဖွက်နေတဲ့ ကျွမ်းကျင်တဲ့လူတစ်ယောက်က အဖွဲ့စည်းထဲမှာ ကျိန်းသေရှိလိမ့်မယ်။ လက်ရှိမှာ ဝရမ်းလိုက်တဲ့ရဲအင်အားကို ကျွန်မတို့ ပိုတိုးချဲ့ထားပြီး၊ ပိုင်ယန့်နဲ့အဆက်အသွယ်ရှိတဲ့လူတချို့ရဲ့ဆက်သွယ်ရေးလိုင်းတွေကိုလည်း စောင့်ကြည့်နေတာမလို့ သူ ကျိန်းသေပေါက် ပိုက်ကွန်ထဲရောက်လာမှာပါ။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...