[Unicode]
ကုံးရင့်ရှန်၏ဖော်ပြချက်ကို နားထောင်ပြီးသော်၊ ပါရဂူဖန်ပေ့သည် လက်ထဲက အချက်အလက်များကို ခေါင်းငုံ့ကြည့်ရင်း :
" ဒီမျက်နှာဖုံးကိုး။ "
၄င်းသည် ကျစ်ယန့်၏ video ထဲမှ screenshoot ရိုက်ထားခြင်းဖြစ်ပြီး၊ ပုံရိပ်ပြတ်သားမှု အလွန်ကောင်းပေသည်။ ဤငှက်မျက်နှာဖုံးသည် မီးခိုးရင့်ရောင်ဖြစ်ပြီး၊ တချို့သောအသွင်အပြင်များမှာ တမင်ပုံကြီးချဲ့ထားခြင်းဖြစ်သည်။ ဥပမာ- အလွန်ထင်ရှားသည့်၊ ကြီးမားသည့်နှုတ်သီး၊ ကြီးလည်းကြီး ဝိုင်းလည်းဝိုင်းသည့်မျက်လုံးအိမ်နှစ်ခုတို့ပင်။ သို့သော် အမွေးအတောင်တော့မရှိပေ။ တစ်ခုလုံးကိုကြည့်ရသည်မှာ ဒဏ္ဍာရီဆန်သည့်ထူးဆန်းသည့်ပုံစံမျိုးရှိပြီး၊ တကယ့်ငှက်အမျိုးအစားပုံစံအပေါ်မူတည်၍ ပြုလုပ်ထားခြင်းမဟုတ်ပေ။
ကုံးရင့်ရှန် :
" ကျွန်တော်တို့ ဒီမျက်နှာဖုံးကို စုံစမ်းဖူးတယ်။ ဈေးကွက်မှာ အလားတူပစ္စည်းမျိုးလည်းမရှိသလို ဘယ်အနုပညာဖန်တီးမှုမှာမှလည်း မတွေ့ဖူးဘူး။ အဲ့တာက တစ်မူထူးခြားတဲ့ပုံပဲ။ "
" ဘာပစ္စည်းလဲဆိုတာကို video ကနေသိနိုင်လား?"
" ထုံးကျောက်၊ 3D printer နဲ့လုပ်ထားတာ။ "
" ကိုယ်ဘာသာကိုယ်ပုံစံငယ်လုပ်ပြီး လုပ်ထားတာပဲလား။ "
" ဟုတ်တယ်။ "
ကုံးရင့်ရှန် ပြောလိုက်သည်။
" ဒါပေမဲ့ အဲ့နှစ်တုန်းကတော့ 3D printer မရှိဘူး။ အကယ်၍ ဒီလိုမျိုးပစ္စည်းကိုလုပ်မယ်ဆိုရင် စက်ရုံကိုသွားပြီးတော့ ပုံစံငယ်လုပ်တာနဲ့ထုတ်လုပ်တာကို တန်ဖိုးအများကြီးပေးပြီးလုပ်ရမှာ။ ဒါကလည်း ကျွန်တော် မျက်နှာဖုံးရဲ့အမှန်တရားကို သံသယဝင်တဲ့အကြောင်းအရင်းတစ်ချက်ပဲ။ "
" လက်နဲ့ထွင်းရင်ရော ?"
ရန်ရိ မေးလိုက်သည်။
" သေချာပေါက် ရတာပေါ့။ ဒါပေမဲ့ ရည်ရွယ်ချက်က ဘာလဲ။ "
ကုံးရင့်ရှန် ပြောလိုက်သည်၊
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...