[Unicode]
အုပ်စုဖွဲ့အစီစဉ်ပြိုင်ပြီးနောက်၊ တစ်ဦးချင်းအစီစဉ်ပြိုင်မည့်တပ်သားများကို အားပေးရန်အတွက်၊ ရန်ရိသည် ကုံးရင့်ရှန်နှင့်ကုံးဖေးလန်တို့ကို အထူးတန်းသို့ ခေါ်လာခဲ့လိုက်သည်။
ပြိုင်ပွဲကွင်းသို့ များပြားလှသည့်ဆွေမျိုးသားချင်းသူငယ်ချင်းများ လာကြသော်လည်း၊ သို့သော် ဤအရာသည် မောင်နှမများ၏အပြင်ပန်းအသွင်အပြင်ကို ထင်ရှားလွန်းစေပေသည်။ ထို့ကြောင့် ကြည့်ရှု့သူအများဆုံးရရှိခဲ့ပေသည်။
ကြည့်နေစဉ်တွင်၊ ဝမ်ရွှမ်သည် ကိုလာအအေးနှစ်ပါကင်ကို ပိုက်လာခဲ့သည်။ ရန်ရိသည် သုံး-လေးပုလင်းလောက်ယူလိုက်ပြီး၊ ကုံးရင့်ရှန်နှင့်ကုံးဖေးလန်အား ကမ်းပေးလိုက်သည်။ ကုံးဖေးလန်သည် အသာအယာလက်ခံလိုက်သည်။ ကုံးရင့်ရှန်သည် ထုံးစံအတိုင်းပွင့်လင်းစွာ ပြောလိုက်သည် :
" ငါ carbonic acid ပါတဲ့အအေးတွေ မသောက်ဘူး။ "
" တကယ်ကို ဝန်ဆောင်ရခက်တယ်။ "
ရန်ရိသည် သူ့အား ရေဘူးပြောင်းပြီး ပေးလိုက်သည်။
ကုံးဖေးလန်သည် မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်ပြီး :
" တစ်ဝမ်းကွဲအစ်ကိုက အစားရွေးတာဖြစ်မယ်။ "
" ကိုယ်နဲ့သင့်တော်တဲ့အစားအသောက်ပုံစံကို ရွေးချယ်တာက အစားရွေးလို့မခေါ်ဘူး။ "
ရန်ရိသည် လှောင်ရယ်လိုက်ပြီး :
" ဒါမစား ဟိုဟာမစားရဲ့ ဘုံအခေါ်အဝေါ်က အစားဂျီးများတာပဲ။ "
ကုံးရင့်ရှန်သည် သူ့အား မျက်စောင်းထိုးလိုက်ပြီး :
" ငါ မင်းကို ငါ့အတွက်အစားသောက်လည်း မပြင်ပေးခိုင်းဘဲနဲ့၊ မင်းက ဘာတွေ အထွန့်တက်နေတာလဲ။ "
" ဘယ်သူက အထွန့်တက်ရဲမှာလဲ။ "
ကုံးဖေးလန်သည် ကူကယ်ရာမဲ့စွာဖြင့် ပြောလာသည် :
" အစ်ကိုတို့ အမြဲတမ်း ရန်ချည်းပဲဖြစ်မနေကြပါနဲ့လား။ "
ရန်ရိသည် ချောင်းအသာဟန့်လိုက်ပြီး၊ စကားလမ်းကြောင်းကို ပြောင်းလိုက်သည် :
أنت تقرأ
Fight The Fire 《火焰戎装》Myanmar Translation
قصص عامةOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...