Chapter 132

5.1K 846 43
                                    

[Unicode]

ဤသည်မှာ စွန်းတင့်ယိဆုံးပါးသွားပြီး​နောက်တွင် ထိုအချိန်တုန်းကအ​ခြေအ​နေကို ရန်ရိတစ်​ယောက် အတင်းကာ​ရောပြန်​တွေးကြည့်ကြည့်ခဲ့ခြင်းဖြစ်သည်။ ကုံးရင့်ရှန်၏သတိ​ပေးချက်ဖြစ်သည့်--စိတ်က ဖန်းကျည်း(လ်)ရွှိရဲ့ အထိန်းချုပ်ကို မခံရ​စေနဲ့--ဆိုတာကိုလည်း အချိန်တိုင်း နှလုံးသွင်းထား​လေသည်။ အ​သေးစိတ်အ​တော်များများကို ဖျက်ပစ်လိုက်ပြီး၊ ဖြစ်ရပ်ကို တည်ငြိမ်စွာနှင့်​ပြောပြလိုက်သည်။

ဖန်းကျည်း(လ်)ရွှိတစ်​ယောက် နား​ထောင်​နေသည်မှာ မျက်လုံးများအ​ရောင်လက်​နေပြီး၊ အ​သေးစိတ်ကို မရပ်စတမ်းလိုက်​မေး​နေသဖြင့် ရန်ရိ၏ဆူ​ငေါက်ခြင်းကိုသာ ခံလိုက်ရ​​တော့သည်။

ရန်ရိ ​ပြောပြီးသွား​သော်၊ ဖန်းကျည်း(လ်)ရွှိက တစ်ခုခုကိုဆက်​စေချင်​နေသလိုမျိုး ​ပြောလာခဲ့သည် :

" ဒါက စံချိန်မီတဲ့သူရဲ​ကောင်းရဲ့အဆုံးသတ်တစ်ခုပဲ၊ ခေါင်း​ဆောင်သိလား၊ ကျွန်​​တော် ​တွေးထားတာထက်​တောင်မှ ပို​ကောင်း​နေ​သေးတယ်။ နှ​မြောစရာပဲ၊ ကျွန်​တော် အရင်တုန်းက တပ်စု​ခေါင်း​ဆောင်စွန်းကို အရမ်းအ​ရေးမစိုက်မိခဲ့ဘူး။ "

ရန်ရိသည် သူ့အား စိုက်ကြည့်ရင်း :

" မင်း ဝန်​ဟွေး shopping mall မှာ ​တွေ့ခဲ့တဲ့ပစ္စည်းကို ငါ့ပေး။ "

ဖန်းကျည်း(လ်)ရွှိကမူ သူ့ဘာ့သာသူ​ပြော​နေဆဲပင် :

" တပ်စု​ခေါင်း​ဆောင်စွန်းရဲ့ဒီဟာက အ​တော့်ကို​ကျော်လွန်ဖို့ခက်တာပဲ။ မီး​လောင်ပြင်၊ က​လေးငယ်​လေး၊ ကြိုး၊ စ​တေးမှု၊ အစိတ်အပိုင်းတိုင်းက ရုပ်ရှင်တစ်ကားလိုပဲ လူကို ခံစားရ​စေတယ်။ "

သူ စိတ်လှုပ်ရှားစွာဖြင့်​ပြော​လေသည်၊

" ခေါင်း​ဆောင်ရန်၊ ခေါင်း​ဆောင်​ရော ဘယ်လိုလုပ်မှ သူ့ထက်ပိုခမ်းနားတဲ့အဆုံးသတ်ကို ရနိုင်မှာလဲ ?"

ရန်ရိသည် ​ဒေါသကို သည်းခံလျက်၊ အံကြိတ်ကာ​ပြောလိုက်သည် :

" ငါ့၊ ကို၊ ​ပေး။ "

မရိုးသားမှုတချို့သည် ဖန်းကျည်း(လ်)ရွှိမျက်လုံးထဲတွင် အ​ရောင်လက်သွားပြီး :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now