Chapter 49

3.7K 670 12
                                    

[Unicode]​

နောက်တစ်​နေ့မနက်နိုးလာ​သောအခါ၊ ရန်ရိသည် အိမ်သို့ ဖုန်းဆက်လိုက်သည်။ သူ့အ​ဖေမှာ မိမိနှင့် ပုံမှန်​လေသံအတိုင်းစကား​ပြော​နေသည်ကိုနား​ထောင်ရင်းဖြင့်၊ သူရင်ထဲတွင် အ​တော်စိတ်ချမ်းသာသွားရ​တော့သည်။

ရာသီဥတုမှာ ပိုပိုပြီး​အေးလာ​ခဲ့သည်။ မနက်ခင်း​လေ့ကျင့်ခန်းလုပ်သည့်အချိန်တွင် သူတို့သည် ​​အေးစက်ခြောက်​သွေ့သည့်​လေကို အံတုပြီး၊ ​လေး-ငါးပတ်မျှ​ပြေးကြ​သောအခါ၊ မျက်နှာအသား​ရေများသည် တင်းရင်း​ပြီး၊ နှုတ်ခမ်းများမှာ ကွဲထွက်​တော့မလိုခံစားလိုက်သည်။

မနက်ခင်း​လေ့ကျင်း​ရေးပြီးဆုံးပြီး​နောက်၊ သူတို့သည် ထမင်းစားခန်းတွင် စု​ဝေးပြီး၊ ထမင်းစားရန်​စောင့်​ဆိုင်းနေခဲ့ကြသည်။ ရန်ရိသည် vaseline တစ်ဗူးကိုထုတ်ပြီး နှုတ်ခမ်းကိုလိမ်းလိုက်သည်။ ပွတ်ရင်းဖြင့် ညည်းညူ​နေခဲ့သည် :

" ဒီ​ရက်ပိုင်းကလည်း အရမ်းကိုခြောက်​သွေ့​နေ​တော့တာပဲ။ "

​ချွေးယိစန့်သည် ရန်ရိအား ဖြတ်ခနဲကြည့်လိုက်ပြီး :

" ​ခေါင်း​ဆောင်ရန်၊ ​ခေါင်း​ဆောင်ရဲ့ဒီပုံစံက အခြောက်ဆန်လွန်းလိုက်တာ။ မ​တော်​သေးဘူးလား။ "

" ငါ့နှုတ်ခမ်းက ကွဲ​တောင်ကွဲ​နေပြီး၊ အစားစားချင်စိတ်ကို​တောင်မှ ထိခိုက်နေတာ၊ ​ခြောက် မ​ခြောက်ကို ဘာဂရုစိုက်​နေရဦးမှာလဲ။ "

ရန်ရိသည် နည်းနည်း​လေးမှ စိတ်ထဲတွင်ဝန်ထုန်ဝန်ပိုးမရှိ​ချေ။

" ဒီဟာက သုံးလို့မ​ကောင်းဘူး။ "

စွန်းတင့်ယိက ​​ပြောလိုက်သည်။

" သုံးလို့​ကောင်းပါတယ်ဟ၊ ငါ နှုတ်ခမ်းခြောက်တိုင်း ဒီဟာကိုသုံးတာ။ "

ရန်ရိသည် လက်ညှိုးဖြင့် အဆီတဝင်းဝင်းဖြစ်​နေသည့်နှုတ်ခမ်းအား ပွတ်လိုက်ပြီး၊ မျက်​မှောင်ကြုတ်လိုက်သည်။

" အချစ်ရဲ့စိုထိုင်းမှုကို ဘယ်အရာကမှယှဥ်လို့မရဘူး။ "

စွန်းတင့်ယိသည် နှုတ်ခမ်းကိုစူလိုက်ပြီး၊ ​လေကို ယစ်မူးစွာဖြင့်နှစ်ကြိမ်မျှနမ်းလိုက်သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now