Chapter 100

7.2K 672 168
                                    

[Unicode]

အမြဲတမ်း၊ ကုံးရင့်ရှန်ရဲ့အသံကို ရန်ရိ အလွန်နှစ်သက်​ပေသည်။ ထိုအသံတွင် အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်​နေသည့်အရည်အ​သွေးနှစ်မျိုးကို ​ပေါင်းစပ်ထား​လေသည်--​အေးစက်စက်နိုင်သလို အလွန်လည်းထူးကဲ​ကောင်းမွန်​ပေသည်။ လူကို မကြည့်ဘဲ အသံကိုနား​ထောင်ရုံနှင့် စစ်မှန်သည့်အထက်တန်းစားအ​​ငွေ့အသက်ကို ဆုံးဖြတ်နိုင်​ပေသည်။

ယခုတွင် ထိုအသံသည် ရန်ရိ၏နား,နားတွင်ရှိ​နေပြီး ဖြည်းဖြည်းချင်း​ဖတ်နေကာ၊ နားထဲတွင် ထိုအသံများနှင့် ပြည့်နှက်သွား​စေ​လေသည်။ ကုံးရင့်ရှန် ဘာကြီးပဲဖတ်​နေ​နေအ​ရေးမကြီး​ပေ။ သူ လုံးဝကို ​သေ​သေချာချာနားမထောင်​ဘဲနှင့်၊ ဤအသံကို နားစည်ထဲသို့ အထိန်းအကွပ်မဲ့စွာသာ စီးဝင်သွား​စေခဲ့သည်။ ၄င်းသည် ခန္ဓာကိုယ်ကို ​ပေါ့ပါးစွာလွင့်​မြော​စေပြီး ​ခြေလက်များကို ထုံထိုင်း​စေ​ပေသည်။

နှ​မြောစရာပင်၊ ကုံးရင့်ရှန် ဘယ်​လောက်ကြာကြာမှပင်မဖတ်ရ​သေးသည့်အချိန်တွင် သူ့၏ဖုန်းသည် ​နောက်တစ်ကြိမ်ထပ်မြည်လာခဲ့ပြီး ရန်ရိ၏ရခဲလှသည့်​မွေ့​လျော်မှုကို ဖျက်ဆီးခဲ့​လေသည်။

ရန်ရိတစ်​ယောက် စိတ်မပျက်ဘဲ​မနေနိုင်​တော့။ ကုံးရင့်ရှန်သည် စာအုပ်ကို သူ့အား​ပေးထားခဲ့လိုက်ပြီး :

" ငါ ခဏ​နေပြန်လာခဲ့မယ်။ "

ဖုန်းသည် ချိုက်ခြံဆက်လာခြင်းဖြစ်သည်။ နှစ်​ယောက်သား အမှုကိုအချိတ်အဆက်လုပ်​နေခဲ့ကြသဖြင့် ဤဖုန်း​ကောသည် တစ်နာရီ​လောက်ကြာမြင့်ခဲ့​လေသည်။

ကုံးရင့်ရှန် ပြန်​ရောက်လာ​သောအခါ၊ ရန်ရိသည် ထပ်အိပ်​ပျော်​နေ​ကြောင်းကို ​တွေ့လိုက်ရသည်။ နေမ​ကောင်းသည့်လူသည် အစကတည်းက အလွန်အိပ်ငိုတ်တတ်​ပေသည်။ ထို့အပြင် သူသည် မ​နေ့ကတစ်ညလုံး ​တောက်​လျှောက် ကိုယ်ခံစွမ်းအားအလွန်အကျွံသုံးစွဲထားခဲ့သည့်အ​ခြေအ​နေဖြစ်​နေခဲ့​​သေး​လေသည်။

ကုံးရင့်ရှန်သည် ရန်ရိအား ​စောင်​သေချာခြုံ​ပေးလိုက်ပြီး၊ ခဏမျှ စိတ်ရှည်လက်ရှည်အကဲခတ်​နေခဲ့သည်။ ထို့​နောက် ​ခေါင်းကိုငုံ့လိုက်ပြီး၊ ထို​ချောမွတ်ကျယ်ဝန်းသည်နူးဖူးပြင်အထက်တွင် အနမ်းအမှတ်အသား​လေးတစ်ခုလုပ်လိုက်​တော့သည်။ သူ ရန်ရိကိုဖက်ပြီး​တော့ ဆက်အိပ်ချင်မိသည်။ သို့​သော် ရန်ရိနိုးလာလျှင် ​တွေ့သွားလိမ့်မည်ဖြစ်သဖြင့် မိမိ၏အခန်းသို့သာ ပြန်သွားလိုက်ပြီး၊ ​ရေမိုးချိုးကာ တစ်​ရေးထပ်အိပ်လိုက်တော့သည်။

Fight The Fire 《火焰戎装》Myanmar TranslationOnde histórias criam vida. Descubra agora