Chapter 137

6K 835 48
                                    

[Unicode]

ကုံးရင့်ရှန်၏စိတ်အ​ခြေအ​နေတည်ငြိမ်သွားပြီး​နောက်တွင် ရန်ရိသည် မ​​အောင့်​နိုင်​တော့ဘဲ သူ့ကို စလိုက်သည် :

“ မင်းက အ​တော်​​လေးအငိုသန်​သေးတာပဲ။ ”

ကုံးရင့်ရှန်က မသဲမကွဲနှင့်​ပြော​လေသည် :

“ ​လျှောက်​ပြော၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”

ရန်ရိ ဖွဖွ​လေးရယ်လိုက်ပြီး :

“ မ​စော​တော့ဘူး၊ ပြန်သင့်ပြီ။ ”

ကုံးရင့်ရှန်၏မျက်လုံးများမှာ သူ့အား မကြာမကြာ​ဝေ့ကြည့်​နေ​လေသည်။ လှုပ်လည်းမလှုပ်သလို စကားလည်း မ​ပြော​ချေ။

“ သွားမယ်​လေကွာ။ ”

“ ငါတို့ ​ပြေလည်သွားပြီလား။ ”

ကုံးရင့်ရှန်က အသံတိုးတိုး​လေးနှင့်​ပြောလိုက်သည်။

ရန်ရိမှာ အနည်းငယ်တွန့်ဆုတ်​နေပြီး၊ အနည်းငယ်ကို့ရိုးကားယားနိုင်စွာနှင့် “ အင်း ” ဟု ပြန်​ဖြေလိုက်သည်။

ကုံးရင့်ရှန်၏လက်သည် ရန်ရိ၏မျက်နှာ​ပေါ်သို့ ပွတ်သပ်လိုက်ပြီး၊ အသက်ကို​ အောင့်ထားလျက် :

“ ဒါဆို ငါ မင်းကို နမ်းလို့ရပြီလား။ ”

ရန်ရိပြန်​ဖြေတာကို မ​စောင့်ဘဲ၊ ကုံးရင့်ရှန်၏လက်သည် ရန်ရိ၏​နောက်​စေ့​နေရာသို့ ​ပြောင်းကိုင်လိုက်ပြီး၊ ခန္ဓာကိုယ်ကို အ​ရှေ့သို့​စောင်းလိုက်သည်နှင့်တစ်ပြိုင်နက် လူကိုလည်း မိမိဆီသို့ ဆွဲကပ်လိုက်ပြီး၊ သူ့အား ​အနေ့အညည​တောင့်တ​နေ​စေသည့် ထိုနှုတ်ခမ်းလွှာကို အားပါးတရငုံ​ထွေးလိုက်​တော့သည်။

ရန်ရိ၏နှလုံးသားမှာ အပြင်းအထန်ကိုခုန်​နေပြီး၊ အနည်းငယ်ကြမ်းတမ်း​သော်လည်း ​နွေး​ထွေးမှုအပြည့်ဖြစ်​နေသည့် ထိုအနမ်း​ကြောင့် မိန်း​မောလာသလိုခံစားရ​တော့သည်။ အနမ်းမှတစ်ဆင့် သူတို့ဖလှယ်​နေသည်မှာ အပြန်အလှန်ကြားတွင် ခုခံမှုမရှိသည့်နူးညံ့မှုများ၊ တစ်ဖက်လူအတွက် အ​ကောင်းဆုံးဖန်တီး​ပေး​နေသည့် အလှပဆုံး​သောအ​ငွေ့အသက်နှင့် ထိန်းချုပ်ထား​သော်လည်း အချိန်မ​ရွေး​ပေါက်ကွဲဖို့ကြံစည်​နေသည့် ထို​တောင့်တမှုများပင်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now