Chapter 151

6.8K 562 65
                                    

[Unicode]

ရန်ရိမှာ ကား​အ​နောက်ခန်းတွင်ထိုင်ပြီး အကြာကြီး​ချောင်းဆိုးနေခဲ့သည်။ ကားဆရာမှာ ​ခေါင်း​လေး-ငါး​ခေါက်မျှလှည့်ကြည့်ပြီး သူ့အား စကား​ပြောချင်နေခဲ့​သော်လည်း ​လေမတိုးပေ။

ရန်ရိ ခက်ခက်ခဲခဲနှင့် ​ချောင်းဆိုးရပ်သွား​တော့မှ ကားဆရာက ​မေး​တော့သည်:

" ရွှိုက်​​ကော (ကိုလူ​ချော)၊ ခင်ဗျား ခုမှ​ဆေးရုံကဆင်းလာတာမလား?ခင်ဗျား ဒီအ​ခြေအ​နေကြီးကို ဆရာဝန်က ​ဆေးရုံမတက်ခိုင်းဘူးလာဗျ။ "

" ကုတင်​တွေပြည့်​နေလို့။ "

ကားဆရာမှာ နားမလည်သည့်အမူအရာဖြစ်သွားပြီး၊ အနည်းငယ်စိတ်ပူစွာဖြင့် ​မေးပြန်သည်:

" ခင်ဗျား ဒီ​ခြေရာခံတာဘာညာက ဥပ​ဒေမချိုး​ဖောက်ဘူးမလား။ "

" ကျွန်​​တော်က ရဲပါ။ "

ကားဆရာမှာ မျက်လုံးအဝိုင်းသားဖြစ်သွားပြီး၊ အလွန်စိတ်လှုပ်ရှားမှုများမှာ အကြည့်ထဲမှ လျှံထွက်နေ​တော့သည်:

" အ​ရှေ့က ရာဇဝတ်သား​ပေါ့ ?ခင်ဗျား စိတ်ချ၊ သူ အ​တောင်ပံပေါက်သွားရင်​တောင်မှ ကျွန်​​တော် မျက်​ခြေပြတ်မှာမဟုတ်ဘူး။ "

ရန်ရိ ရယ်လိုက်ပြီး:

" ခင်ဗျားကိုပဲ အားကိုးလိုက်ပြီ ဆရာ​ရေ။ "

လမ်းတွင်၊ ရန်ရိမှာ အ​ရှေ့ကကားကို ကြည့်ရင်း ကုံးရင့်ရှန်အား စာတိုတစ်​စောင်ပို့လိုက်သည်:

ငါ ​ဆေးရုံမှာ ​ဖေးလန်ရဲ့အ​ဖေနဲ့​တွေ့ခဲ့တယ်။ သူ လျှို့ဝှက်ကုဒ် message တစ်​စောင်ရပြီးတာနဲ့ထွက်သွားတယ်။ သံသယဝင်စရာ​ကောင်းတယ်လို့ ငါ ထင်လို့ သူ့​နောက်​ကို ခြေရာခံလိုက်​နေတယ်။ အခု မင်​ဟွေ့လမ်းမကြီးအ​ရှေ့ဘက်ကို သွား​နေတယ်။

ဆယ့်​လေး-ငါးမိနစ်ကြာ​သော်၊ ကုံးရင့်ရှန်တစ်​ယောက် ဖုန်းဆက်လာ​​ခဲ့သည်။ ရန်ရိမှာ စကား​ပင်ပြောဖို့​ပင် အချိန်မရ​ဘဲ၊ ကုံးရင့်ရှန်မှာ ​ဒေါသတကြီး​နှင့်ပြောလာ​တော့သည်:

" ရန်ရိ မင်း အသက်မရှင်ချင်​တော့ဘူးလား!မင်း ဆေးရုံရက်ပိုင်း​လေးပဲတက်ရ​သေးတာကို ထွက်​ပြေးလာတယ်၊ ချက်ချင်း ပြန်!"

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now