[Unicode]
နှစ်ယောက်၏ကားမှာ အဝါလိုင်းအပြင်ဘက်တွင် အတားခံလိုက်ရသည်။ ကုံးရင့်ရှန်က ID card ကို ပြလိုက်ပြီး၊ ရန်ရိကိုခေါ်ရင်းနှင့် စက်ရုံဂိတ်ဝသို့ ပြေးသွားတော့သည်။
ထိတ်လန့်တကြားဆုတ်ခွာနေကြသည့် ကျောင်းသားနှင့်အလုပ်သမားအမြောက်များကို သူတို့သည် အဝေးမှနေ၍ မြင်ရလေသည်။
ကုံးရင့်ရှန်က ရန်ရိကို ပြောလိုက်သည် :
“ မင်း ခေါင်းဆောင်ကိုရှာပြီး အခြေနေကိုသိအောင်လုပ်၊ ငါ ဖေးလန်ကို သွားရှာမယ်။ ”
ရန်ရိ ခေါင်းတငြိမ့်ငြိမ့်ညိတ်ပြလိုက်ပြီး၊ သူ့၏လက်ကို အားနှင့်တစ်ချက်လောက်ဆုပ်ကိုင်လိုက်သည်။ ခဏတာဖြစ်သော်ငြားလည်း အားရှိသည့်ဤဆက်နွယ်မှုမှတစ်ဆင့် သူ့အား အားအင်ပေးလိုက်နိုင်ဖို့ရန် မျှော်လင့်မိသည်။
စက်ရုံအပြင်ဘက်တွေတွင် အထူးမီးသတ်ကားတန်းများ ရှိပြီး၊ ယခုအချိန်တွင် ဆယ်စီးနီးပါးလောက် ရပ်ထားလေသည်။ ဒီ့ထက်ပိုများသည့်မီးသတ်ကားများကလည်း သေချာပေါက် လမ်းတွင်ရှိသေးဦးမည်ဟု ခန့်မှန်းရသည်။ အထဲနှင့်အနီးဆုံး——အစောဆုံးရောက်လာတာဖြစ်ရမည့်——လျန်ဝေး၏တပ်ဖွဲ့လည်းဖြစ်သည့် တပ်ဖွဲ့ကို ရန်ရိ ရှာတွေ့သွားလေသည်။
ရန်ရိက မီးသတ်သမားတစ်ယောက်ကို လှမ်းကိုင်လိုက်ပြီး :
“ မင်းတို့ခေါင်းဆောင်လျန်ရော ?”
“ အစောကြီးကတည်းက ဝင်သွားပြီ။ ”
“ တပ်ဆွယ်ခေါင်းဆောင်ရော လာပြီလား ?”
“ အထဲမှာပဲ၊ ခင်ဗျားက…… ”
ထိုတပ်သားသည် ရန်ရိအား သေချာကြည့်ကြည့်လိုက်ပြီး တစ်ခုခုသိသွားသည့်အလား၊ အမူအရာမှာ ချက်ချင်းဆိုသလို ထူးဆန်းသွားတော့သည်။
ရန်ရိမှာလောနေသဖြင့် သူ့၏ပြောင်းလဲသွားသည့်ပုံစံကို သတိမထားမိလိုက်ချေ :
“ ညီအစ်ကို၊ မင်းရဲ့စကားပြောစက်ကို ငါ့ကို ငှားပါ၊ မင်းတို့ခေါင်းဆောင်နဲ့ ငါ့ကိုဆက်သွယ်ခွင့်ပြုပါ။ ”
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...