Chapter 109

5.6K 875 78
                                    

[Unicode]

လမ်းတွင်၊ ကုံးရင့်ရှန်တစ်​ယောက် မ​နေနိုင်​တော့ဘဲ​မေးလိုက်သည် :

" ခုနတုန်းက ပါရဂူကြီးက မင်းနဲ့ဘာ​ပြောတာလဲ ?"

ရန်ရိ စ​နောက်ကာ​ပြောလိုက်သည် :

" မင်းငယ်ငယ်တုန်းက ဘယ်​လောက်​တောင်ချစ်ဖို့​ကောင်း​တယ်ဆိုတဲ့အ​ကြောင်းလေ။ "

ကုံးရင့်ရှန် ​ဒေါသထွက်ဟန်​ဆောင်ကာ​ပြောလိုက်သည် :

" အ​ကောင်း​​ပြော။ "

" ဘာလို့လဲ ?မင်းမှာ ငါ့ကိုမသိ​စေချင်တဲ့ ရှက်စရာတစ်ခုများရှိ​နေလို့လား ?"

" ......မရှိပါဘူး။ "

" စိတ်ချပါ။ ဘာအ​ရေးကြီးတာမှ မ​ပြောပါဘူး။ ပါရဂူကြီးက ဒီအတိုင်း၊ ငါက မင်းရဲ့နလန်ပြန်ထူမှုမှာ အကူအညီဖြစ်တယ်လို့ပဲ ​ပြောတာပါ။ "

ရန်ရိရင်ထဲတွင် ထပ်၍ဝမ်းနည်းပြီး ကူကယ်ရာမဲ့လာခဲ့​သော်လည်း မျက်နှာအထက်တွင်​တော့ ​ဖော်ပြလိမ့်မည်မဟုတ်​ချေ။ ချိုးယန်နှင့်ပါရဂူဖန်​​​ပေ့တို့က ကုံးရင့်ရှန်အ​ပေါ်ကာကွယ်​ပေးလိုစိတ်ကို သူ နားလည်​ပေးနိုင်သည်။ အမှန်​တော့ သူတို့ကမှသာ ကုံးရင့်ရှန်၏အဆိုးရွားဆုံးဖြစ်သည့်အ​ခြေအ​နေကို မြင်ဖူးပြီး၊ သူ့အား တစ်လမ်းလုံးအ​ဖော်ပြု​ပေးရင်းဖြင့် လျှောက်လှမ်းလာခဲ့ကြသည့်သူများဖြစ်​လေသည်။

ဤသည်ကလည်း ရန်ရိကို ပိုပြီး​တော့စိတ်​လေးစေခဲ့သည်။ မိမိမှာ ကိစ္စ​တွေအများကြီးကိုမှားလုပ်ခဲ့မိသည်ဟု သူ​တောက်​လျှောက်သံသယဝင်လာခဲ့ပြီး၊ ကုံးရင့်ရှန်ကို သ​ဘောကျခွင့်မရှိဘဲသ​ဘောကျခဲ့မိတာကလည်း မှား​နေတာဖြစ်ကောင်းဖြစ်နိုင်​ပေသည်။ သူတို့၏ယခုဆက်ဆံ​ရေးကို​တော့ ပိုလို့​တောင်မှ​ပြောစရာမလို​တော့​ချေ။ မှား​နေမှန်းသိ​သော်လည်း၊ ဆန္ဒ၏​သွေး​ဆောင်မှုကို ဖိနှိပ်ဖို့ရန်ကလည်း ခက်​နေပြန်သဖြင့် လူကို အနာဂတ်အတွက် စိတ်မပူ​စေဘဲမဖြစ်နိုင်​တော့​။

ကုံးရင့်ရှန်သည် ခဏမျှတိတ်ဆိတ်သွားပြီး၊ ​ပြောလာသည် :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now