Chapter 150

3.6K 505 18
                                    

[Unicode]

​ဆေးရုံတက်​နေသည့်ဤရက်ပိုင်းအတွင်းတွင် ဖျားနာမှုဒုက္ခကို ခံစား​နေရ​သော်ငြားလည်း ရန်ရိ၏စိတ်အ​ခြေအ​နေမှာ အလွန့်ကိုကောင်း​ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ ထပ်ခါတလဲလဲရရှိ​နေသည့်မှာ သတင်း​ကောင်း​တွေချည်းသာဖြစ်​​နေ​သော​ကြောင့်ပင်။ မီးရှို့မှုဟု သံသယဝင်ထားသည့် အန်းကျားအိမ်ရာအမှုလည်း စုံစမ်းရန်ပြင်​နေပြီဖြစ်ပြီး၊ ကျစ်ယန့်​ ငွေမည်းခဝါချသည့်အဖွဲ့အစည်း၏ပြစ်မှုသက်​သေနှင့် လူနာမည်စာရင်းများကို ရဲဘက်က လက်ဆုပ်လက်ကိုင်ရထားပြီဖြစ်သည်။ တပ်မကလည်း သူ့ဆီသို့ အထူးတလည်တစ်​ခေါက်လာကြည့်သွားပြီး၊ အဖွဲ့အစည်း၏တရားမျှတမှုကို သူ ယုံကြည်ထားရမည်ဟု သူ့အား နှစ်သိမ့်​ပေးခဲ့​လေသည်။

ထို့အပြင်၊ ကုံးရင့်ရှန်မှာ အလုပ်များလွန်းသဖြင့် သူ့အား လာကြည့်ချိန်မရှိ​သော်ငြားလည်း၊ ထမင်းစားချိန်ကိုပဲဖြစ်ဖြစ် သန့်စင်ခန်းသွားချိန်ကိုပဲဖြစ်ဖြစ် အချိန်ဖဲ့ကာ၊ သူနှင့် စကားသုံး-​လေးခွန်း​လောက်​ပြောခြင်း၊ စာတိုသုံး-​လေး​စောင်​လောက် ပို့ခြင်းတို့ကို လုပ်​ခဲ့​လေသည်။

ရန်ရိမှာ စိတ်ချမ်းသာကိုယ်မကျန်းမာဖြစ်​နေ​သော်ငြားလည်း၊ မကြာခဏဆိုသလို dirty word များကို​ပြောပြီး၊ တစ်ဖက်က ကုံးရင့်ရှန်တစ်​ယောက် ရှက်​နေသည့်ပုံစံကို​တွေးကြည့်ရင်း ပါးစပ်မစိနိုင်​တော့​ချေ။

သုံးရက်​လောက်လဲ​နေပြီး​နောက်၊ ရန်ရိတစ်​ယောက် အစာစား၍ရသွားသလို၊ ကုတင်​ပေါ်မှလည်း ဆင်း၍ရသွား​လေပြီ။ သို့ဖြစ်၍ သူ ​ဖေးလန်ကို သွားကြည့်ရန် သူနာပြုကို ဝှီးချဲတွန်းခိုင်း​တော့သည်။

“ မမသူနာပြု၊ တကယ်​တော့ ကျွန်​တော်လမ်း​လျှောက်နိုင်ပါတယ်။ ”

ရန်ရိတစ်​ယောက် ဝှီးချဲ​ပေါ်တွင်ထိုင်ပြီး အလွန့်ကိုမသက်မသာဖြစ်​နေ​တော့သည်၊

“ ဒါက ပုံကြီးချဲ့ရာမ​ရောက်ဘူးလား။ ”

“ ရှင့်ရဲ့အသားပုပ်​ကြွေထားတဲ့အ​ရေပြားက သက်သာတာမကြာ​သေးတာမလို့ မလုပ်ပါနဲ့ရှင်။ ”

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now