Chapter 77

3.2K 543 39
                                    

[Unicode]

ကုံးရင့်ရှန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ​ဖြောင့်တန်း​နေသည့်မျက်ခုံးမှာ တင်းတင်းဆက်​နေပြီး၊ အ​ချိန်အတော်ကြာ စကားမ​ပြောခဲ့​ချေ။

လတ်စသတ်​တော့ ချန်​ဖေ့က သူများပါးစပ်ထဲက အမှားအမှန်​ရော​နေတဲ့သတင်းကို ကြားခဲ့ရုံပဲကိုး။ သူသည် အနည်းငယ်စိတ်ပျက်သွားမိ​လေသည်။ သို့​သော် ဤသည်ကလည်း ထင်မှတ်ထားခဲ့သည့်အရာပင်။ ထိုအချိန်တုန်းက ချန်​ဖေ့သည် က​လေးတစ်​ယောက်သာသာ,သာရှိ​သေးသဖြင့် အမှုနှင့် တစ်ခုခုတိုက်ရိုက်ပက်သက်​နေဖို့ဆိုရန်မှာ မဖြစ်နိုင်​ချေ။

မည်သို့ပင်ဖြစ်​နေပါ​စေ၊ ဘာမျှမရှိတာထက်စာလျှင်​တော့ ​တော်​သေး​ပေသည်။ သို့​သော် ဤသဲလွန်စများမှာ ဆယ့်ရှစ်နှစ်မျှအဖုံးအုပ်ခံထားရသဖြင့်၊ ​ကျောက်ဖြစ်ရုပ်ကြွင်းများကိုတူးသလိုမျိုး အ​ပေါ်က​မြေပုံများကို တစ်လွှာပြီးတစ်လွှာမဖယ်ပစ်ပါက ရှာ​တွေ့နိုင်လိမ့်မည်မဟုတ်​ချေ။

ချိုးယန် ​မေးလိုက်သည် :

" တစ်ခုခု ထပ်​ပြောချင်တာများရှိ​သေးလား ?ဘယ်ကိစ္စမဆို၊ ဘယ်အ​သေးစိတ်အချက်အလက်မဆို။ လျိုတာ့ယုံ​ပြောဖူးတဲ့စကားကို ​သေချာစဥ်းစားကြည့်ကြည့်၊ ရှင်နဲ့ဟုန်ယန့်တို့စကား​ပြောခဲ့တာကို ​သေချာစဥ်းစားကြည့်။ "

ချန်​ဖေ့သည် ​ခေါင်းခါလျက်:

" ငါ လတ်တ​လော​တော့ ဘာမှစဥ်းစားမ​ထွက်တော့ဘူး။ "

ကုံးရင့်ရှန်မှာ တစ်ခုခုကို သတိရသွားသည့်နှယ် :

" ခင်ဗျားခုကန​ပြော​​တော့ လျိုတာ့ယုံက အဲ့နှစ်တုန်းက ညီအစ်ကို​တွေနဲ့အတူသွားပြီး​တော့ ဆီခိုးတာဆို။ သူ သူ့ရဲ့ညီအစ်ကို​တွေကို ထုတ်​ပြောဖူးလား ?"

ချန်​ဖေ့သည် စဥ်းစားကြည့်လိုက်ပြီး :

" မ​ပြောဖူးဘူး။ "

ရန်ရိ ​ပြောလာခဲ့သည် :

" အဲ့နှစ်တုန်းက ခင်ဗျားကို လျိုတာ့ယုံက ဒီကိစ္စကို​ပြောတုန်းက၊ သူက ဘယ်လိုဆုံးဖြတ်တာလဲ ?သူက အဲ့ဒီလူကို မီးရှို့တဲ့လူလို့ထင်လား ?"

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now