[Unicode]
ဆေးရုံသို့ရောက်သော်၊ အရင်တုန်းက သူတို့အားဆေးကုပေးသည့်ဆရာဝန်က စနောက်ကာပြောလေသည် :
" ခင်ဗျားတို့ ကျွန်တော်တို့ဆေးရုံရဲ့ VIP list ထဲဝင်မလို့လားဗျ၊ ဆင်းသွားတာမှလေး-ငါးရက်ပဲရှိသေးတယ် ပြန်လာကြပြန်ပြီ။ "
ရန်ရိသည် ခါးသက်စွာရယ်လိုက်ပြီး :
" ဟုတ်ပါ့ဗျာ။ Discount ပေးလား၊ full discount များလား။ "
" ခင်ဗျား ပိုက်ဆံပေးစရာမလိုတော့ဘူး။ "
ခန္ဓာကိုယ်စစ်ဆေးမှုပြုလုပ်ပြီးသော် ညသန်းခေါင်ဖြစ်နေလေပြီ။
ဘာကြီးကြီးမားမားမှမဖြစ်ဘူးဆိုသော်ငြားလည်း နှစ်ရက်-သုံးရက်လောက်တော့ အားမွေးသင့်ပေသည်။ သို့သော် ယခုအချိန်တွင် နှစ်ယောက်စလုံးသည် အချိန်ကို အနားယူမှုအပေါ်တွင် ဘယ်လိုမှအလဟဿအဖြစ်မခံနိုင်ပေ။
ကျစ်ယန့်ကတော့ ကမ်းကုန်အောင်ကိုစိတ်ဆိုးနေလောက်လေပြီ။ သည်တစ်ခေါက် အားကစားရုံအစီအစဥ်မှာ မအောင်မြင်သဖြင့်၊ သူသည် ဒီအတိုင်းလုံးဝကျော်သွားလိမ့်မည်မဟုတ်ချေ။ နောက်ပိုင်း ဘာသွေးရူးသွေးတန်းကိစ္စများကိုလုပ်လာမလဲဆိုတာကို မသိနိုင်သဖြင့် အင်အားအကုန်သုံးပြီး သူ့အား စောနိုင်သမျှစောစောဖမ်းရပေမည်။
ကုံးရင့်ရှန်သည် ဆေးရုံမှထွက်လာသည်နှင့် ဖြတ်ပိုင်းစာရွက်အပုံလိုက်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်တော့သည်။
ရန်ရိသည် သူ့အား တစ်ချက်ခိုးကြည့်လိုက်ပြီး :
" မင် ဗိုက်ဆာနေလား၊ စား...... "
" ငါ အခင်းနေရာကို ပြန်ရမယ်။ "
" အခု ?"
ရန်ရိ နာရီကြည့်ကြည့်လိုက်သောအခါ၊ သုံးနာရီပင်ထိုးနေလေပြီ။
" မယန် သူတို့ အခင်းနေရာမှာ သက်သေယူနေတုန်းပဲ။ အခုက လူယုတ်မာကိုဖမ်းဖို့အတွက် golden time ပဲ။ "
" ဒါဆို မင်း ကျန်းမာရေးကိုဂရုစိုက်ဦး။ "
" အိမ်မှာဆို မင်းအဖေမလုံခြုံတော့ဘူး။ ကျစ်ယန့်က ဒီညမှာ ရှုံးထားတာဆိုတော့၊ ငါတို့ကို ပစ်မှတ်ထားပြီး လက်စားချေဖို့ဖြစ်နိုင်ချေအရမ်းရှိတယ်။ မိုးလင်းရင်၊ ငါ လူလွှတ်ပြီး လာကြိုခိုင်းလိုက်မယ်။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...