[Unicode]
နှစ်သစ်၏ဤရက်ပိုင်းအတွင်းတွင် ရန်ရိတစ်ယောက် တစ်ညမှ ကောင်းကောင်းမအိပ်နိုင်ခဲ့ပေ။ သူနှင့်ကုံးရင့်ရှန်တို့အကြားတွင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သူ အပြန်ပြန်အလှန်လှန်တွေးကြည့်နေခဲ့သည်။ ထိုလှပသည့်အမှတ်တရများမှာ ယခုအချိန်တွင် မွှေသွားသည့်ဓါးတစ်လက်နှင့်တူနေပြီး သူ့၏နှလုံးသားအဝကို အလွန်နာကျင်စေခဲ့လေသည်။ အမြဲတမ်း အသိပြန်ဝင်လာတိုင်း မိုးလင်းနေပြီဖြစ်သည်။
ဤသို့ဆိုလျှင်တောင်မှ၊ မနက်မိုးလင်းလာပြီးနောက်ပိုင်းတွင် သူသည် မူလပုံစံအတိုင်းဟန်ဆောင်ကာ တာဝန်ထမ်းဆောင်ပြီး၊ တပ်သားများ၊ မိသားစုဝင်များနှင့်အတူ နှစ်ကူးခဲ့လေသည်။
တပ်ဖွဲ့က အဝေးပြေးကားတစ်စီးငှားလိုက်ပြီး၊ ဤရက်ပိုင်းတွင် မိသားစုဝင်များကို နာမည်ကြီးနေရာများသို့ အလည်ခေါ်သွားခဲ့လေသည်။ ရန်ရိနှင့်ချွီးယန်ပေါတို့က တပ်ဖွဲ့တွင် အလှည့်ကျတာဝန်စောင့်ခဲ့သည်။ ကံကောင်း၍၊ ဘာကြီးကြီးမားမားအရေးပေါ်ကိစ္စမှ မဖြစ်သဖြင့် ရန်ရိအား သူ့အဖေကို အဖော်ပြုပေးနိုင်ရန် ပို၍အားလပ်ချိန်ရခဲ့သလို၊ စောင့်ရှောင့်ရေးဂေဟာအသစ်ကိုလည်း တိတ်တိတ်ကလေးစုံစမ်းခဲ့လေသည်။
လဆန်းငါးရက်နေ့တွင် ရန်ရှန့်ရုန်က ပြောလာသည် :
“ ငါ မင်းတပ်ဖွဲ့မှာ တောက်လျှောက်နေနေတာ ဘယ်လောက်တောင်မှ အဆင်မပြေလိုက်လဲ၊ မင်းတို့ရဲ့အလုပ်ကို သက်ရောက်မှုဖြစ်စေတာမလို့ ငါ့ကို ဆေးရုံပဲပြန်ပို့လိုက်ပါတော့။ ”
သူတို့ နေရာတစ်ခုကို ပြောင်းရမယ်ဆိုတာကို ရန်ရိတစ်ယောက် သူ့အဖေအား ဘယ်လိုစပြီးပြောရမလဲဆိုတာကို မသ်ိသေးချေ။
သူ့အဖေက ကုံးရင့်ရှန်ဆေးရုံတွင်နေရတာက အလွန်သက်တောင့်သက်သာရှိတယ်ဆိုတာကို သူ သိပေသည်။ အကောင်းဆုံး၊ အကျွမ်းကျင်ဆုံးပြုစုစောင့်ရှောက်မှုကို 24 လေးနာရီစလုံးခံစားနိုင်ပြီး၊ ပတ်ဝန်းကျင်ကလည်း ကောင်းပေသည်။ အရင်တုန်းက အိမ်မှာအကူခေါ်ထားသလိုမျိုးကိုတော့ မယှဥ်နိုင်ပေ။ ထို့အပြင် ဤနေရာ၏ကုသမှုအခြေအနေကိုလည်း ပိုကောင်းသည့်စောင့်ရှောက်ရေးဂေဟာက ဘယ်လိုမှမထောက်ပံ့နိုင်ချေ။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...