[Unicode]
ကုံးရင့်ရှန်သည် ရန်ရိအား တစ်ခြားသောအလုပ်နေရာသို့ ခေါ်သွားခဲ့သည်။ ၄င်းမှာ အကွာအဝေးအတော်ကျယ်သည့်အခန်းတစ်ခုဖြစ်ပြီး၊ အရှေ့ဘက်တွင် LED ဘောင်များဖြင့် နံရံတစ်ခုလုံးကိုကွတ်ထားသည်။ အလုပ်စားပွဲအတန်းတိုင်းအတန်းတိုင်းတွင် ကွန်ပျူတာနှင့် တစ်ခြားရန်ရိမသိကျွမ်းသည့်ပစ္စည်းများကို အပြည့်တင်ထားလေသည်။ ဤအချိန်တွင် တစ်ဝက်ကျော်ကျော်လောက်မှာ အချိန်ပိုဆင်းနေကြဆဲဖြစ်သည်။
ကုံးရင့်ရှန်သည် ထောင့်ဘက်ရှိစာပွဲတစ်လုံးဆီသို့ လျှောက်သွားလိုက်သည်။ တောင့်တောင့်တင်းတင်းနောက်ကျောကိုဦးတည်ပြီး ခေါ်လိုက်သည် :
" ရှောင်ထန်။ "
ထိုနောက်ကျောသည် တစ်ချက်တုန်သွားပြီး၊ ကိုလာများပန်းထွက်လာကာ၊ ကီးဘုတ်တစ်ဝက်လောက်ကို စင်သွားလေသည်။ သူသည် ကမန်းကတန်းမတ်တပ်ထရပ်လိုက်ပြီး၊ တစ်ရှူးများကိုဆွဲထုတ်ကာ သုတ်လိုက်သည်။
ကုံးရင့်ရှန်သည် ခေါင်းကိုယမ်းလိုက်ပြီး :
" အခုက အလုပ်ဆင်းပြီးသွားပြီ။ မင်း တစ်ခုခုစားချင်ရင် ဟိုဖွက်နေဒီဖွက်လုပ်စရာမလိုပါဘူး။ "
ထိုလူသည် ကိုယ်ကိုလှည့်လာပြီး၊ အသက်မပါစွာရယ်ရင်းပြောလေသည် :
" ဒေါက်တာကုံး၊ ကျွန်တော်ကို့ လန့်အောင်လုပ်လိုက်တာပဲ။ "
သူ့ကိုကြည့်ရသည်မှာ နှစ်ဆယ်စွန်းစွန်းလောက်ရှိမည်ရထင်သည်။ ဖြူဖြူဝဝနှင့်၊ မျက်လုံးမှာ ကြီးလည်းကြီး ဝိုင်းလည်းဝိုင်း ကြည်လည်းကြည်လင်ပေသည်။ အသားအရေနူးညံ့သည်မှာ ဖိကြည့်လိုက်ရုံနှင် ရေထွက်လာနိုင်မည့်အတိုင်းပင်။ ရယ်လိုက်လျှင်လည်း နူးညံ့ပြီးအနှောက်အယှက်ကင်းပေသည်။ တကယ်လို့များပိန်သာသွားခဲ့မည်ဆိုလျှင် သေချာပေါက် ကိုလူချောဖြစ်သွားပေမည်။
" ဒါက ဖုန့်ဟွမ်တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်ရန်ရိ၊ ခေါင်းဆောင်ရန်။ ဒါက ငါတို့ cybercrimeကလုပ်ဖော်ကိုင်ဖက် ထန်ဟောက်ချွန်၊ အရမ်းတော်တဲ့ hacker."
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...