[Unicode]
ရန်ရိသည် အပူချိန်ထိန်းညှိသည့်အခန်းထဲတွင် လှည့်လည်ကြည့်ရှု့နေခဲ့သည်။ ဤတွားသွားသတ္တဝါများသည် သူ့အား သိပ်ပြီးသက်တောင့်သက်သာမရှိစေသော်လည်း၊ သို့သော် ကုံးရင့်ရှန်မွေးထားခြင်းဖြစ်သောကြောင့်၊ သူ နည်းနည်းလောက်ဖြစ်ဖြစ်ပိုပြီး နားလည်ချင်ခဲ့သည်။
ကုံးရင့်ရှန်သည် မိမိ၏သိမ်းဆည်းစုဆောင်းထားသည်များကို ရန်ရိအား မိတ်ဆက်ပေးနေခဲ့သည်။ သူ သိသိသာသာဝမ်းသာပျော်ရွှင်နေသည့်ပုံစံဖြစ်နေသည်ကို ရန်ရိတစ်ယောက် မြင်ရခဲပေသည်။ သူ့မျက်ဝန်းထဲကအလင်းရောင်လေးကတောင်မှ၊ သူ့အား အချိန်အတော်ကြာကြာ သဘောကျနေစေနိုင်ပေသည်။
“ ဒီလက်တွေ့စမ်းသပ်စင်က ငါလုပ်ထားတဲ့ နမူနာရုပ်ကြွင်းတွေ။ ”
ကုံးရင့်ရှန်သည် ရုပ်ကြွင်းစင်ကို ညွှန်ပြရင်း၊
“ အမြှီးကအဝိုင်းလေးလိုဖြစ်နေတဲ့ ဒီ armadillo ကင်းလိပ်ချောကို မင်းကြည့်ကြည့်၊ သူ့ရဲ့အကြေးခွံက ဘယ်လောက်လှလိုက်သလဲ။ ဒီဟာက မြွေဟောက်ဘုရင်လဲထားတဲ့အရေခွံ၊ ထိန်းသိမ်းထားတာက အရမ်းပြီးပြည့်စုံတာပဲ။ ဒီဘက်ကအကုန်လုံးက ကင်းလိပ်ချော၊ တောက်တဲ့စတာတွေရဲ့ပစ္စည်းတွေ။ ”
ရန်ရိသည် တစ်ချက်ပတ်ကြည့်လိုက်သည်။ နောက်ဆုံး၌ အကြည့်သည် ကြီးမားသည့်မိကျောင်းတစ်ကောင်ရုပ်ကြွင်းဆီသို့ ကျရောက်သွားခဲ့သည်။ မျက်လုံးအမြင်နှင့်သုံးသပ်ရလျှင်၊ အနည်းဆုံး ငါမီတာခြောက်မီတာရှည်သည့် လှေတစ်စင်းအတိုင်းပင်။ သူ အံအားသင့်နေသဖြင့် စကားပြောမထွက်လာခဲချေ။
“ ဒီကွေးနေတဲ့မိကျောင်းက ငါ စုဆောင်းထားတဲ့အကြီးဆုံးရုပ်ကြွင်းပဲ။ ”
ကုံးရင့်ရှန်သည် ကျေနပ်စွာပြောလေသည်၊
“ အရမ်းမိုက်တယ်မလား။ ”
ရန်ရိသည် ကုံးရင့်ရှန်အား တစ်ချက်ပြုံးပြီးကြည့်လိုက်သည်။ သူ့ပုံစံမှာ သူငယ်ချင်းကို ကစားစရာအသစ်ကြွားပြနေသည့်ကောင်လေးတစ်ယောက်နှင့် တူပေသည်။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...