Chapter 40

4K 748 56
                                    

[Unicode]

အခင်း​နေရာအား ကူ၍ဖြေရှင်းပြီး​သည့်​နောက်၊ သူတို့ စခန်းသို့ပြန်​ရောက်သည့်အချိန်သည် အလွန်​နောက်ကျ​နေပြီဖြစ်သည်။

ရန်ရိသည် ​​မြောင်​မြောင်အား မိမိ၏အခန်းထဲသို့ သွင်းပြီး၊ သူ့အား အစာချ​ကျွေးကာ၊ ရေခပ်​ထား​ပေးခဲ့လိုက်သည်။ ထို့​နောက် ​ရေသွားချိုး​​တော့သည်။

ယခုအချိန်သည် ​ဆောင်းဦး​နှောင်းကာလဖြစ်​နေပြီဖြစ်​သော်လည်း၊ သူသည် ​ရေ​နွေးကိုမဖွင့်​ချေ။ သူ့ခေါင်းတစ်​ခေါင်းလုံးကို ​​အေးစက်​နေသည့်ရေ​ချိုး​ရေဖြင့်ချိုးချပြီး၊ သူ့ရင်ထဲကပူပန်​သောကများကို​ အေး​ချမ်းစေလိုက်သည်။

စိတ်လိုက်မာန်ပါဖြစ်သွားတာပဲ၊ သူ့စိတ်ထဲတွင် ​တွေးလိုက်သည်။ ​ဒေါသမထွက်ခဲ့သင့်ဘူး။ ​ပြောရရင် ကုံးရင့်ရှန်ကလည်း ကူညီချင်လို့ပဲ​လေ။

သို့​သော် အ​ရေး​ပေါ်ထွက်​နေသည့်အချိန်တွင် အမိန့်ကိုလုံးဝနာခံခြင်းသည် သူ့အရိုးထဲသို့စွဲ​နေသည့်စည်းမျဥ်းဖြစ်သည်။ မီး​လောင်ပြင်သည် စစ်​မြေပြင်ကဲ့သို့ပင်။သည်​လောက်အန္တရာယ်များလှသည့်​နေရာတွင် မည်သူမျှ ခြွင်းချက်ဟူ၍မရှိ​နိုင်ချေ။ ထိုအချိန်တုန်းက ကုံးရင့်ရှန်၏အပြုအမူသည် သူ့အား တကယ်ကိုစိတ်ပူ​​စေပေသည်။

တကယ်လို့ ထရပ်ကား​ပေါ်ကတိုင်ကီက ယိုစိမ့်မှုရှိ​နေ​သေးရင်၊ မ​တော်လို့များ ယိုစိမ့်​နေတဲ့ဓါတုပစ္စည်းက oxide နဲ့ ဓါတ်ပြုမှုဖြစ်​နေခဲ့ရင်၊ မ​တော်တဆ ကုံးရင့်ရှန်​ဘေးနားမှာများ မီး​လောင်​သွားခဲ့ရင်......

သူ ထပ်ပြီးနက်နက်နဲနဲမစဥ်းစားရဲတော့သည့် " မ​တော်လို့များ " မှာ သူ ​ဒေါသထွက်ရသည့် အဓိက​အ​ကြောင်းအရင်းပင်။ ကုံးရင့်ရှန်က အဲ့​လောက်​​တောင်မီးကို​ကြောက်တာ၊ သူ ဘယ်လိုလုပ်ပြီး​ လူကို မီး​လောင်​နေတဲ့အန္တရာယ်ကြားထဲမှာ သွား​နေခိုင်းနိုင်မှာတဲ့လဲ။

အ​သေချာကိုပင်၊ စိတ်​တည်ငြိမ်သွားသည့်​နောက်တွင်၊ သူ့ကိုယ်သူ လွန်သွားသည်ဟု ထင်မိသည်။ ကုံးရင့်ရှန်သည် မီး​ကို ကြောက်သည်၊ သို့​သော် ​ခေါင်း​တောင်လှည့်မကြည့်ဘဲ သူတို့အားသွားကူညီ​ပေးခဲ့သဖြင့်၊ သူသည် အနည်းဆုံး​တော့ ​ကျေးဇူးတင်​ကြောင်း​​တော့ပြောသင့်​ပေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now