Chapter 80

4K 621 77
                                    

[Unicode]

နှစ်တစ်နှစ်၏ နောက်ဆုံးတစ်ရက်ဖြစ်​လေသည်။

ယ​နေ့သည်ကား အလုပ်များပြီးပင်ပန်းသည်​နေ့တစ်​နေ့ဖြစ်လိမ့်မည်ဟု ကံဇာတာပါထားပြီးသားဖြစ်​လေသည်။ ညသန်း​ခေါင်ပွဲပြီးသည်အထိ တာဝန်ထမ်း​ဆောင်ပြီးမှအလုပ်သိမ်းနိုင်မည့်​ ဖျော်​ဖြေပွဲတစ်ခုမရှိဘူးဆိုလျှင်​တောင်မှ၊ အခါကြီးရက်ကြီးသည်လည်း မီးသတ်တပ်ဖွဲ့များ အ​ရေး​ပေါ်ထွက်ရသည့် အထွတ်အထိပ်အချိန်အခါဖြစ်​လေသည်။

သို့ဖြစ်၍ ရန်ရိသည် ယ​နေ့​လေ့ကျင့်​ရေးကို ဖျက်သိမ်းလိုက်ပြီး၊ အားလုံးကို အိပ်​ရေးဝဝအိပ်ခိုင်းထားကာ အား​မွေး​စေခဲ့သည်။

​နေ့လယ်စာစားချိန်နီးသည့်အချိန်တွင် မီးဖို​ချောင်မီး​လောင်သည်ဟု တိုင်ကြားလာသဖြင့်၊ ​ကောင်းကယ်က အဖွဲ့ကိုဦး​ဆောင်ပြီးသွား​လိုက်သည်။

​နေ့ခင်းတွင် ရန်ရိသည် အဖွဲ့နှစ်နှင့်အဖွဲ့သုံးကို စု​ဝေးခိုင်းပြီး အစည်းအ​ဝေးလုပ်​ကာ၊ တာဝန်များကို ခွဲ​ဝေပြီး၊ လုပ်​ဆောင်ရမည့်သူများကို ​သေချာသတ်မှတ်​ပေးလိုက်သည်။ ထို့​နောက် ဟုန်လင်အားကစားရုံသို့ ထွက်ခွာခဲ့​လေသည်။

​ဖျော်​ဖြေပွဲသည် ညရှစ်နာရီတွင် တရားဝင်စမည်ဖြစ်ပြီး၊ ​ခြောက်နာရီတွင် လူများကို ရုံထဲသို့ တစ်​ယောက်ပြီးတစ်​ယောက်စသွင်းမည်ဖြစ်​သည်။ အဓိကဝင်​ပေါက်အပြင် ​ဘေးနှစ်ဖက်ရှိအ​ပေါက်​အသေး​လေးနှစ်ခုကိုပါဖွင့်ထားပြီး လူအုပ်ဖိအားကို ​​ပြေလျော့​စေခဲ့သည်။ ဧည့်သည်များကမူ ​မြေ​အောက်ကားပါကင်မှ​နေ၍ ရုံထဲသို့တိုက်ရိုက်ဝင်ကြ​လေသည်။

သူတို့နှင့်အတူပူး​ပေါင်းလုပ်​ဆောင်ရန်အတွက် တပ်ဆွယ်သည် ဝမ်မန်၏​လွော်ရှန်ခိုတပ်ဖွဲ့​​အား စေလွှတ်ခဲ့သည်။ ​လွော်ရှန်ခိုတပ်ဖွဲ့သည် သူတို့နှင့်အနီးဆုံးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ အမြဲဆိုသလို တာဝန်များကိုအတူတူထမ်း​ဆောင်ရ​လေသည်။

ရန်ရိနှင့်ဝမ်မန်တို့သည် ရုံအပြင်ဘက်တွင်ရပ်​နေပြီး အလုပ်သမားများ ဟိုဟိုဒီဒီအလုပ်များ​နေသည်ကို ကြည့်​နေခဲ့ကြသည်။ ယခုအချိန်သည် ​နေ့ခင်းနှစ်နာရီသာရှိ​သေး​သော်လည်း၊ ရုံအပြင်ဘက်တွင် လူများတန်းစီ​နေကြပြီဖြစ်ပြီး၊ အများစုမှာ အသက်ငယ်ငယ်မိန်းမပျို​လေးများဖြစ်​ကြလေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now