Chapter 62

4.4K 710 38
                                    

[Unicode]

ရန်ရိ ထမင်းစားပြီးသည်နှင့်၊ တပ်ဆွယ်သို့ အမြန်သွား​​တော့သည်။ အစက​တော့ သူသည် ချန်​ရှောင်​ဖေးအား အစီအရင်သွားခံရမလားမခံရမလားဆိုတာကို ​ဝေခွဲမရဖြစ်​နေခဲ့သည်။ ​နောက်ဆုံး​တော့ ချန်​ရှောင်​ဖေးမှာ အစည်းအ​ဝေးသွားတက်​နေခဲ့သဖြင့် သူ့အတွက် ​ဖြေရှင်းချက်တစ်ခုရသွားခဲ့​လေသည်။

ဖိုင်သိမ်းသည့်အခန်း၌ သူလိုချင်သည့်မ​တော်တဆအမှုနှစ်ခု၏အစီရင်ခံစာများကို ရန်ရိရှာ​တွေ့သွားသည်။ ဤအစီရင်ခံစာများမှာ ​ရှေ့နှစ်အနည်းငယ်​လောက်တုန်းကတည်းက ကွန်ပျူတာမှတ်တမ်း​ကော်ပီလုပ်ပြီးပြီဖြစ်သည်။ သို့​​သော် မူရင်းအချက်အလက်များမှာ အနှစ်နှစ်ဆယ်ထားထားပြီးမှ ဖျက်ဆီးပစ်လေ့ရှိ​သည်။ ဖိုင်​ပေါ်ရှိလက်​ရေးလက်သားများကို ရန်ရိကြည့်​နေခဲ့သည်။ တစ်ချို့တ​လေမှာ သူ့အ​ဖေ၏လက်​ရေးများဖြစ်​နေ​သော​ကြောင့် အလွန်ရင်းနှီး​နေခဲ့သည်။

ရန်ရိသည် မူရင်းဖိုင်နှင့်ကွန်ပျူတာမှတ်တမ်းကို တစ်ချက်ယှဥ်ကြည့်ကြည့်​သောအခါ ဓါတ်ပုံ၏ပြတ်သားမှုမှာ အရမ်းကြီးပြည့်စုံ​​မ​နေကြောင်းကို ​တွေ့လိုက်ရသည်။ ​ရှေ့နှစ်​တွေတုန်းကရိုက်သည့်အချိန်၏ အလင်း၊ ရှု​ထောင့်၊ ကင်မရာ pixel တို့နှင့် သက်ဆိုင်​သလို၊ ဓါတ်ပုံရိုက်သူ၏အ​လေးထားမှုနှင့်လည်း သက်ဆိုင်​​နေပေသည်။ အ​ရေအတွက်ရာ​ထောင်ချီ​နေသည့်အချက်အလက်များကို တကယ်တမ်းအမျိုးအစားခွဲရမည်ဆိုပါက တစ်ရွက်ချင်းစီတိုင်းကို အ​သေးစိတ်ရွေး​​နေ၍ မရနိုင်​ချေ။

ဤအချက်အလက်များမှာ နှစ်​တွေကြာ​နေပြီဖြစ်သဖြင့် ပြန်ရိုက်သည့်အချိန်တွင် သတိမထားပါက ဓါတ်ပုံအ​ဟောင်းရှိ အ​သေးစိတ်အချက်အလက်များ​မှာ ပျောက်ကွယ်သွားနိုင်​ပေသည်။ သို့နှင့်ပဲ၊ ရန်ရိမှာ ရှိသမျှဓါတ်ပုံအချက်အလက်အကုန်လုံးကို အ​လေးအနက်ထားပြီး SLR camrea နှင့်ရိုက်လိုက်သည်။ ကွန်ပျူတာဖိုင်များကိုလည်း ကော်ပီကူးလိုက်သည်။

တပ်ဖွဲ့သို့ပြန်​ရောက်​သော်၊ ရန်ရိသည် အချက်အလက်​တွေအကုန်လုံးကို အမျိုးအစားခွဲထုတ်လိုက်သည်။ သူသည် ထူထဲလှသည့်အချက်အလက်များကို စားပွဲ​ပေါ်တွင် ထားထားလိုက်သည်။ မေး​ကိုထောက်ပြီး အကြာကြီးစဥ်းစားပြီးမှ၊ ဖုန်းကိုထုတ်ပြီး ဓါတ်ပုံတစ်ပုံရိုက်ကာ၊ ကုံးရင့်ရှန်အား ပို့​ပေးလိုက်သည် :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now