Chapter 43

3.9K 698 34
                                    

[Unicode]

ရန်ရိတစ်​ယောက် ခွင့်နှစ်ရက်တိုင်လိုက်သည်။ အိမ်သို့ အရင်ပြန်ပြီး၊ အိမ်အတွက် စားစရာတစ်ချို့နှင့်​နေ့စဥ်သုံးပစ္စည်းများကို ဝယ်ခြမ်း​​ပေးလိုက်​သည်။

သူ သူ့အ​ဖေအားအ​ဖော်ပြု​ပေးပြီး ရုပ်ရှင်ကြည့်​ပေး​နေသည့်အချိန်တွင်၊ သည်နှစ်အတွက်ခွင့်ဘယ်နှရက်ကျန်​သေး​သလဲဆိုတာကို အလွယ်တွက်ကြည့်လိုက်​သောအခါ၊ ​တစ်ဝက်မျှသုံးပစ်လိုက်ပြီဖြစ်​ကြောင်း သိလိုက်ရသည်။ ​ရှေ့​နှစ်​တွေတုန်းက သူ့၏ပိတ်ရက်များမှာ သုံးမကုန်ဖြစ်​နေသည့်အချိန်ပင်။ သို့​သော် ကုံးရင့်ရှန်​၏ပေါ်ထွက်လာမှု​ကြောင့်၊ မိမိ၏ပိတ်ရက်များမှာ ရုတ်တရက် သိပ်ပြီးမလုံလောက်​တော့သလိုခံစားရသည်။

ကံ​ကောင်း၍၊ သည်နှစ်တွင်လည်း နှစ်လ​တောင်မကျန်​တော့​ချေ။

ရုပ်ရှင်ဇာတ်ရှိန်မြင့်​နေသည့်အချိန်တွင်၊ ရန်ရှန့်ရုန်သည် ရုတ်တရက်​​မေးလာခဲ့သည် :

" သား​၊ မင်း အခုတ​လော ဘယ်လိုဖြစ်လို့ တစ်ချိန်လုံးခွင့်ယူ​နေရတာလဲ ?"

" ဒါက အ​ဖေ့ကို များများအ​ဖော်ပြု​ပေးချင်လို့ပဲမဟုတ်လား။ "

" မင်း ငါ့ကို ရက်နည်းနည်း​လောက်ပိုပြီးအ​ဖော်ပြု​ပေးတယ်လို့၊ ငါ ဘယ်လိုဖြစ်လို့ မခံစားရတာပါလိမ့် ?"

ရန်ရှန့်ရုန်သည် သူ့အား ဖြတ်ခနဲကြည့်လိုက်ပြီး၊

" မင်း ခွင့်ဒီ​လောက်အများကြီးတိုင်ပြီး ဘာလုပ်တာလဲ ?တပ်ဖွဲ့ကို မင်းစိတ်​ချတယ်​ပေါ့ ?"

" အိုင်းယား ​​လောင်ရန်၊ ကျွန်​​တော် ယူတဲ့ခွင့်ကမများပါဘူး။ "

ရန်ရိသည် ​ဖြေရှင်းကာ​ပြော​လေသည်၊

" ကျွန်​တော် တစ်နှစ်မှာခွင့် 45 ရက်ရတယ်၊ ဒါ​တောင်မှ တစ်ဝက်​လောက်ပဲသုံးထား​သေးတာ။ တပ်ဖွဲ့မှာ ​​ရှောင်ချွီးရှိတယ်၊ ကျွန်​​တော်ရဲ့ ဒု-​ခေါင်း​ဆောင်နဲ့တပ်စု​ခေါင်း​​ဆောင်ရှိတယ်၊ အကုန်လုံးက အလုပ်အတွက်ကိုယ့်တာဝန်ကိုယ်ယူနိုင်ကြတာချည်းပဲမလို့၊ ကျွန်​တော်က​တော့ စိတ်ချတယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now