Chapter 110

5.6K 868 57
                                    

[Unicode]

တစ်​နေ့တာသင်တန်းပြီးဆုံးသွားသည့်နောက်တွင် အပြင်ထွက်ပြီး စားပွဲပြုလုပ်ခွင့်မပြုကြောင်းကို သူတို့ အထူးသတိအ​ပေးခံလိုက်ရသည်။ ဘာ့ကြောင့်လဲဆိုတာကို အားလုံး၏စိတ်ထဲတွင်နားလည်​နေကြသဖြင့် ကန့်ကွက်သည့်လူမရှိခဲ့​ပေ။ သို့သော် ဤသည်ကလည်း သူတို့၏စုဝေးချင်​နေသည့်စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့​ချေ။ အုပ်စုလိုက်ဖွဲ့ပြီး အပြင်စာမှာကာ အခန်းထဲတွင်စုပြီးစားကြ​လေသည်။ သို့သော် အရက်​တော့မ​သောက်ရဲကြ​​ပေ။

စား​ကြသောက်ကြ စကားလက်ဆုံ​ပြောကြရင်းဖြင့် မသိလိုက်ဘာသာနှင့် အလွန်​ညဥ့်နက်သွား​တော့သည်။ ​တပ်ဖွဲ့ခေါင်း​ဆောင်တချို့လည်း အလျှိုလျှိုလူစုခွဲသွားခဲ့ကြ​သည်။ ယန်ကြွယ်က​နေခဲ့ပြီး စားပွဲ​ပေါ်ရှိစာကြွင်းစားကျန်များကို ရန်ရိအား ကူပြီးသိမ်းဆည်း​ပေး​နေခဲ့သည်။

ရန်ရိ ညည်းညူကာ​ပြောလိုက်သည် :

“ ဒီအနံ့ကလည်း သိပ်ပြင်းလွန်းလိုက်တာ၊ ဒီည​တော့ ဘယ်လိုအိပ်ရမှာလဲဟ။ ”

သူ​သည် ပြောရင်းဖြင့် ပြတင်း​ပေါက်ကိုဖွင့်ကာ အနံ့အသက်ကိုထွက်သွား​စေလိုက်သည်။ တိုးဝင်လာသည့်​လေ​အေးများသည် သူ့၏မျက်နှာအသားအ​ရေကို စူးပြီးနာကျင်သည်အထိ တိုက်ခတ်​တော့သည်——ယခုအချိန်သည် ​ဆောင်းရာသီ​နှောင်းပိုင်း၏ အ​အေးဆုံးအချိန်ဖြစ်​လေသည်။

“ ဒီလိုဆို လွယ်လွယ်​လေးအ​အေးမိလိမ့်မယ်။ ”

ယန်ကြွယ် ​ပြောလိုက်သည်၊

“ မင်း ငါ့​နေရာမှာသွားအိပ်လိုက်ပါလား၊ တစ်ည​လောက်ထားထားပြီး မနက်ဖြန်​လောက်ဆို​ကောင်း​သွားလောက်ပြီ။ ”

သူတို့နေ​ရသည်မှာ ပုံမှန်အခန်းများဖြစ်ပြီး၊ ကုတင်နှစ်လုံးရှိ​ပေသည်။

“ ရတယ်​လေ။ ”

ရန်ရိ ​ပြောလိုက်သည်၊

“ လာ၊ ဒီအမှိုက်​တွေကို တံခါးအပြင်မှာထားကြတာ​ပေါ့။ ”

ယန်ကြွယ်က ရန်ရိ၏မျက်​စောင်းထိုးတွင် ​နေ,​နေခြင်းဖြစ်သည်။ ရန်ရိသည် ညဝတ်အင်္ကျီကိုယူပြီး အခန်းကူးသွားလိုက်​တော့သည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now