Chapter 45

3.7K 771 25
                                    

[Unicode]

ရန်ရိသည် ကုံးရင့်ရှန်အား ​ရေတစ်ခွက်ငှဲ့​ပေးလိုက်သည်။ ထို့​နောက် သူ့အား ​အနားတွင်တိတ်ဆိတ်စွာအ​ဖော်ပြု​ပေး​နေခဲ့သည်။

နှစ်​ယောက်သည် စစ်​​​ဆေးမေးမြန်ခန်းတွင် ရှိနေဆဲပင်။ ကုံးရင့်ရှန်သည် ထိုင်ခုံတွင်ထိုင်​နေပြီး၊ အချိန်အ​တော်ကြာကြာတိတ်ဆိတ်​နေ​ခဲ့သည်။ ထိုတစ်ခါသုံးစက္ကူခွက်သည် သူ့၏လက်ကိုအများကြီးသ​ယောင်ခံစားရ​စေသည်။ သို့​သော် ဤကြီးမားသည့်ခန္ဓာကိုယ်ထဲတွင်၊ အတွင်းထဲ၌နက်နက်ရှိုင်းရှိုင်းဖွက်ထားသည့် အရိပ်​သေး​သေးက​လေး--ဆယ့်ရှစ်နှစ်လုံးလုံး ဘယ်တုန်းကမှ အမှန်တကယ်​​ပေါ်ထွက်မလာဖူးဘူးသည့်အရိပ်ကို ရန်ရိတစ်​ယောက် ရှင်းလင်းစွာမြင်ရ​ပေသည်။

ကုံးရင့်ရှန်သည် လက်ကို ​တောင့်​တောင့်ကြီးမလိုက်မှ၊ မိမိ၏လက်ထဲတွင် ခွက်ရှိ​နေ​ကြောင်းကို ​သတိထားမိသွားသည့်ပုံပင်။ သူသည် ခွက်ကို စား​ပွဲ​ပေါ်သို့ တင်လိုက်ပြီး၊ အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ၊ မကြားရလုနီးပါး​အသံနှင့် ပြောလိုက်သည် :

" ငါ့ရဲ့ဒီလိုမျိုးပုံစံခွဲကို မင်း ဘာလို့အမြဲ​တမ်းတွေ့​နေရတာလဲ။ "

သူသည် ရှိသမျှလူတွေအားလုံးအ​​ရှေ့တွင် ​အေး​ဆေး​တည်ငြိမ်​နေပြီး၊ ရန်ရိတစ်​ယောက်တည်း၏အ​ရှေ့တွင်၌သာ အမျိုးမျိုးအဖုံဖုံ​သောအ​ကြောင်းအရင်းများ​ကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် အထိန်းချုပ်မဲ့ခဲ့​ရလေသည်။

ရန်ရိသည် နူးညံ့​နွေး​ထွေးသည့်​လေသံဖြင့် သူ့အား နှစ်သိမ့်ကာ​ပြောလိုက်သည် :

" ဘာလို့လဲဆို​တော့ ငါတို့က သူငယ်ချင်း​တွေမို့လို့​လေ။ မတူညီတဲ့တစ်ဖက်ခြမ်းကို သူငယ်ချင်း​တွေကြားမှာ အပြန်အလှန်လှစ်ဟပြ​လေ့ရှိတယ်။ "

" ဟုတ်လား...... "

ကုံးရင့်ရှန်သည် ​နဖူးအ​ရှေ့သို့စိုက်ကျ​နေသည့် ချွေးများနှင့်​စေးကပ်​နေသည့်အ​ရှေ့ဆံပင်ကို လက်ဖြင့်​ဘေးသို့သပ်လိုက်​သောအခါ၊ ​ကျယ်ပြန့်ချောမွတ်​နေသည့်နဖူးသည် ​ပေါ်ထွက်လာခဲ့သည်။

Fight The Fire 《火焰戎装》Myanmar TranslationDonde viven las historias. Descúbrelo ahora