Chapter 22

4.5K 771 55
                                    

[Unicode]

ရန်ရိနှင့်တစ်ခြားလူများသည် သုံးရက်​မြောက်​​နေ့တွင် ​ဆေးရုံဆင်းရ​လေသည်။ စွန်းတင့်ယိတစ်​ယောက်သာလျှင် အဆိပ်​ငွေ့အ​တော်များများကို ရှူမိထား​သော​ကြောင့်၊ ​ဆေးရုံ၌နေပြီး ကုသမှုခံယူရန်လိုအပ်​ပေသည်။

​ဆေးရုံဆင်းပြီး​နောက်၊ ရန်ရိသည် အကျဥ်းချုံးအစည်အ​ဝေးတစ်ခါ လုပ်လိုက်သည်။ ဤတစ်​ခေါက်စစ်ဆင်​ရေးသည် အဘယ့်​ကြောင့် ရဲ​ဘော်များအား ဒဏ်ရာရ​စေခဲ့ရသည်၊ ကယ်ဆယ်​ရေး​ဖြစ်စဥ်အတွင်း မည့်သည့်တိုးတက်မှုသည် လိုအပ်​နေ​ကြောင်းကို ပြန်လည်သုံးသပ်ကြသည်။

အစည်းဝေးပြီးဆုံးပြီး​နောက်၊ ရန်ရိသည် လီဆာ့အား ​နေခဲ့ရန်​ပြောလိုက်သည်။ သူက ​​မေးလိုက်သည် :

" ​နည်းနည်းသက်သာလာပြီလား ?"

" ​ခေါင်း​ဆောင်ရန် စိတ်ချပါ၊ ဘာမှမဖြစ်​တော့ပါဘူး။ "

" ဒါက မင်း စစ်သည်တစ်​ယောက်အ​နေနဲ့ ပထမဆုံးပါဝင်တဲ့ကယ်ဆယ်​ရေး၊ အချိန်နှင့်အမျှအန္တရာယ်များတဲ့တာဝန်ကို စွန့်စားရတာလည်းဖြစ်တယ်။ မင်း လုပ်​ဆောင်တာ အရမ်း​ကောင်းတယ်။ "

" ​ကျေးဇူးတင်ပါတယ် ​ခေါင်း​ဆောင်ရန်။ "

" ဒါ​ပေမဲ့ ဒီတစ်​ခေါက်ရဲ့အ​ခြေအနေက ပိုထူးခြားတယ်။ ပုံမှန်အချိန်မှာဆို မင်းနဲ့အကုန်လုံးက အဆက်အဆံလုပ်တာက မဆိုးဘူး။ ဒါ​ပေမဲ့ အလုပ်လုပ်တဲ့အချိန်မှာ​ကျ​တော့၊ အ​တော်များများက မင်းရဲ့ gender difference အ​ပေါ်မှာ နည်းနည်းစိုးရိမ်တာမျိုး ရှိ​သေးတယ်ဆိုတာကို၊ မင်းလည်း မြင်ပြီးပြီ။ ဒါက ခဏ​လေးနဲ့​ ဖြေရှင်းလို့ရတဲ့ပြဿနာမဟုတ်ဘူး။ မင်း စိတ်ကို​ထိန်းနိုင်မယ်လို့ ​မျှော်လင့်ပါတယ်။ "

လီဆာ့သည် နှုတ်ခမ်းကို လိပ်လိုက်ပြီး :

" ကျွန်မ နားလည်ပါတယ်။ "

" အခွင့်​ရေးရှာပြီး ငါ မင်းကို မီး​​လောင်တဲ့​နေရာကို ဝင်ခိုင်းမှာပါ။ တကယ်လို့ မင်း ဒီနှစ်မှာ တစ်ခြားလူ​တွေရဲ့ယုံကြည်မှုကို အလုံအ​လောက်ရခဲ့ရင်၊ မင်းက အရည်ချင်းပြည့်မီတဲ့တပ်သားတစ်​ယောက်ဖြစ်ပြီး၊ ဂရုစိုက်​ပေးဖို့လိုအပ်တဲ့မိန်းမသား မဟုတ်ဘူးဆိုတာကို၊ သူတို့ကို သိ​အောင်ပြနိုင်ခဲ့ရင်၊ နောက်နှစ် ငါ မင်းကို ​​အမြဲတမ်းတပ်ဖွဲ့ကိုပြောင်း​ပေးဖို့ စဥ်းစား​ပေးမယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now