Chapter 119

5.2K 843 39
                                    

[Unicode]

ဈာပန​နေ့တွင်၊ ​ဆောင်းရာသီတစ်ဝက်​ကျော်​ကျော်​လောက်က မြူဆိုင်း​နေသည့်​ပေကျင်းမြို့မှာ မကြုံစဖူး ​နေထွက်လာခဲ့​သည်။

စွန်းတင့်ယိ၏ဖခင်က သူ့၏ဓါတ်ပုံကို ပိုက်လျက်၊ မိခင်မှာ သူ့၏တူညီဝတ်စုံနှင့်ဦးထုပ်တို့ကို ​ပွေ့လျက်၊ အ​ဆောင်ထဲမှ အတူတူထွက်လာခဲ့ကြသည်။

တပ်ဖွဲ့ကစားကွင်း၏တစ်ဖက်စီတွင် တူညီဝတ်စုံဝတ်ထားသည့်မီးသတ်ရဲ​ဘော်တို့မှာ တည့်တည့်တန်းတန်းနှစ်တန်းရပ်​နေခဲ့ကြသည်။

ရန်ရိသည် နှာ​ခေါင်းထိပ်ကထုံကျဥ်မှုကို သည်းခံရင်း၊ ကျယ်​လောင်ရှင်းလင်းစွာ​အော်​ပြောလိုက်သည် :

" အ​လေးပြု-- "

တပ်သားများသည် ညီညီညာညာနှင့် အ​လေးပြုလိုက်ကြသည်။ သူတို့၏မျက်လုံးများမှာ နီရဲ​နေပြီး၊ ပါးစပ်ကိုလည်း တင်းတင်း​စေ့ထားကြကာ၊ ရဲ​ဘော်က သူတို့ အ​ခေါက်​ပေါင်းမ​ရေမတွက်နိုင်​အောင်လေ့ကျင့်​ခဲ့ကြသည့်ကစားကွင်းအား ဖြတ်သွားသည်ကို၊ သူတို့သ​ဘောအကျဆုံးဖြစ်သည့် ထိုမီးသတ်ကား​ပေါ်တွင် ထိုင်ပြီး၊ အသုဘရှူ့ရာ​နေရာဆီသို့ ​မောင်းနှင်သွားသည်ကို ဝမ်းနည်းစွာဖြင့်ကြည့်​နေခဲ့ကြသည်။

​နေခဲ့ပြီး​စောင့်ကြပ်ရန်တာဝန်ကျသည့်ဝန်ထမ်းများမှအပ တခြားလူအကုန်လုံးတို့သည် အသုဘရှူ့ရာ​နေရာဆီသို့ အတူတူသွားခဲ့ကြသည်။

အသုဘအခမ်းအနား​ရှေ့တွင် သူ့အား ပို့​ဆောင်ရန်အလိုလိုလာကြသည့်လူများ အများကြီးရှိ​ပြီး၊ တပ်မ၊ တပ်ဆွယ်နှင့် တခြားတပ်ဖွဲ့များမှလာသည့် ​ခေါင်း​ဆောင်များနှင့်တပ်သားများလည်းရှိပေသည်။

ရန်ရိသည် အကြည့်တစ်ချက်တည်းနှင့် ရင်းနှီးသည့်လူကို ​တွေ့လိုက်ရသည်။ ခရမ်းပြာ​ရောင်ရဲယူနီ​ဖောင်းဝတ်ထားသည့်၊ ရှည်လျားပိန်ပါးသည့် ခန္ဓာကိုယ်ပုံစံရှိသည့်တစ်​ယောက်ဖြစ်သည်။ ၄င်းမှာ ကုံးရင့်ရှန်ပင်။ ထိုရဲယူနီ​ဖောင်းမှာ သူ့အတွက်ချုပ်​ပေးထားသည့်နှယ်၊ သာမန်အချိန်တုန်းကဝတ်သည့် ထိုဈေးကြီးကြီးအ​နောက်တိုင်းဝတ်စုံထက်​တောင်မှ ပိုပြီး​တော့ ​တောက်ပြောင်နေ​လေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now